Tuesday, August 18, 2009

“ စိတ်ထားကလေးပြုပြင်ရင်း ”


ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်ပေါ့ 
ချစ်တတ်ခဲ့သောတပည့်တော်နှလုံးသားကို
အမုန်းခွန်အားပေးသနားပါလို့
တောင်းဆိုမိလိုက်နိုင်တယ့့်  ။
ဦးနှောက်နဲ့နှလုံးသားမျှတအောင်ထားနေပါရက်နဲ့ 
တခါတလေမှာ ဘာကြောင့်ရယ်များ
နှလုံးသားကကြီးသွားကာ
မေတ္တာတွေအလွန်အကျွံ့ထားမိပါလိမ့်
သြော့့်  အစိုးမရတဲ့စိတ့့်  ။
စိတ်ထားကလေးပြုပြင်လိုက်အုံးသူငယ်ချင်းရေ့ 
မင်းဟာ ပညာတတ်တယောက်ဖြစ်ပေမယ့်
မင်းရဲ့စိတ်ဓါတ်လေးကို
ဆယ်တန်း ( အထက်တန်း ) အောင် အောင်မထားတတ်ရင်
မင်းရဲ့အသိအမြင် မင်းရဲ့အတတ်ပညာတွေ
လူသားတိုင်းအတွက်အကြုံးမ၀င်
အဲ့ဒါ့  အထက်တန်းကျောင်းမအောင်တဲ့
ငါ့ရဲ့  သာမညအမြင့့်  ။
တလောကလုံးစာငါတယောက်တည်းနဲ့ 
အကုန်ပေးဆပ်ခြင်နေတဲ့ စိတ်ဓါတ်က
တခါတလေမှာလည်း ငါ့အဖေနဲ့တူရဲ့
တခါတလေမှာလည်း ငါ့အမေနဲ့တူရဲ့
ဒါပေမယ့်ပေါ့ သူငယ်ချင်း
ပြောင်းလဲမရတဲ့ ငါ့ရဲ့အချစ်တခုကတော့
ဖျောက်ဖျက်ပြစ်လို့မရတာ အတော့ကိုခက်
အဲ့ဒါကြောင့်ပဲ့  ငါ
ဦးနှောက်နဲ့နှလုံးသားကိုမျှတအောင်
ထပ်ကာထပ်ကာထားရင်း ကြိုးစားနေကာ
ငါ့ခရီးတခုကို နှင်နေလေရဲ့  ။
ဇာနည်မောင်

1 comment:

  1. ဦးနှောက်နဲ့နှလုံးသားကိုမျှတအောင်
    ထပ်ကာထပ်ကာထားရင်း ကြိုးစားနေကာ
    ငါ့ခရီးတခုကို နှင်နေလေရဲ့  ။

    ဦးနှောက်နဲ့နှလုံးသားကိုမျှတအောင်နေနိုင်တာလေး
    လေးစားမိပါတယ်

    ကဗျာလေး တွေ ဆက်အားပေးနေပါ့မယ်

    ReplyDelete