Thursday, August 13, 2009

တိုက်ပွဲဝင်ဆဲမွေးနေ့ရှင်


ဘ၀ခရီးတခုမှာ

မသမာတဲ့အငြိုးနဲ့ဥာဏ်ထွင်က ကစားခဲ့မှုကြောင့်

စံပျော်ရာမွေးရပ်မြေမှာ မနေရပဲအခွင့်အခါပေးတဲ့

တော်ရာတိုင်းတပါးမှာလွမ်းတမ်းတရင်းနေခဲ့ရရှာ…။

အာဇာနည်မျိုးရိုးသေရိုးမရှိပေမို့ကျနော်တို့ခေတ်မှာ

တထောင့်သုံးရာငါးဆယ်ပြည့်အရေးတော်ပုံကြီးဖြစ်ပေါ်တဲ့အခါ

မိစ္ဆာစစ်ဘီလူးတွေကို ရင်ဆိုင်ကာ

အများပြည်သူကောင်းစားဖို့သင်ပုန်းချေရေးစကားပြောခဲ့ငြားလည်း

အာဏာရှင်တွေဟာ အကြောက်တရားကြီးစိုးကာသိရက်နဲဆက်မိုက်

ငြိမ်းချမ်းရေးမိခင်ကိုပါနရသိမ် အကြိမ်ကြိမ်စံစေခဲ့..။

ပတ္တမြားမှန်ရင်နွံ့နစ်သော်လည်း မညစ်ဆိုတဲ့စကားတိုင်း

မိစ္ဆာရန်သူ စစ်ဘီးလူးတွေရဲ့

လုပ်ကြံကာမဟုတ်မမှန်သတင်းတွေမှာ

အကြိမ်ကြိမ်နွံ့နစ်နေသော်လည်း

ဒေါ်စုရဲ့ဂုဏ်ရောင်ကောင်းသတင်းတွေက

ကမ္ဘာအလယ်မှာ ထင်ပေါ်နေဆဲ….။

ဒဏ်ရာဆိုတာ ဘ၀အတွက်အားပေမို့

ပြည်သူတွေအတွက် အနစ်နာခံကာ

နရသိမ်စံကာမလွတ်မလပ်ဖြစ်နေလည်း

ကြီးမြတ်တဲ့အာဂ သတ္တိရှင်ခေါင်းဆောင်တယောက်ပေမို့

ဒေါ်စုမွေးနေ့ရောက်တိုင်းမှာ

သူကိုလေးစားသူလူအများဟာနိုင်ငံတကာမှာ

ဒေါ်စုရဲ့ ဂုဏ်တွေကိုဖော်သက်ရာကျော်ရှည်ကာလွတ်လပ်စွာ

တိုင်းပြည်ကို ဦးဆောင်နိုင်ဖို့တိုက်ပွဲဝင်ဆဲ ဆုတောင်းစဲ…။

ဇာနည်မောင်

No comments:

Post a Comment