Friday, August 14, 2009

အောင်ပွဲဆီသို့ချီတက်စို့


အခက်အခဲတချို့ကိုဝါးမျိုခဲ့ရင်း

ဘ၀လမ်းမှာရခဲ့တဲ့ ဒဏ်ရာတချို့က

ငါ့ယုံကြည်မှုတွေကို တွန်းအားတခုအဖြစ်ပေး

ရှေ့ဆက်ဖို့အရေးတွေကို

ပိုမိုခိုင်မာရှင်းလင်းလာအောင်

အမှန်လမ်းကိုပြပေးခဲ့သပ့  ။

ဖြတ်သန်းလာခဲ့တဲ့ဘ၀ခရီးလမ်းတလျှောက်မှာတော့

ရှစ်လေးလုံးဆိုတဲ့ပြည်သူ့အရေးတော်ပုံကြီးကအစ

ယခုအချိန်ထိတိုင်အောင်

မေ့မရတဲ့အတိတ်တွေများစွာရခဲ့လည်း

ငါတို့တတွေအတွက်ကိုတော့

နှစ်သိမ့်တဲ့လိုက်လျှောမှုလေးတခုတောင်

ဒင်းတို့တွေက ကြည်ကြည်ဖြူဖြူလိုက်လျှောမှုမပေးခဲ့

သြော့့်  အာဏာကိုသေနတ်ပြောင်းက ထုတ်နေသူတွေ

အလွန့် အလွန်ရက်စက်လှရဲ့  ။

မကျေဘူးဟေ့  မကျေဘူးကွ

အတိတ်ဆိုတာအရိပ်လိုလိုက်နေတယ်

တချိန်က

ငါ့မင်းငါ့ချင်းနဲ့ သေနတ်မိုးပြီး

ထင်တိုင်းလုပ်ခဲ့တဲ့ မင်းတို့ရဲ့လုပ်ရပ်တွေကို

ဒီနေ့မှာ ရီ ( ရယ် ) စရာ

ဇတ်လမ်းတခုအဖြစ်လုပ်ပြစ်လို့မရ

မင်းတို့ရဲ့ လူမဆန်တဲ့လုပ်ရပ်တွေအတွက်

ငါတို့မှာလည်း

သက်သေအထောက်အထား အမြောက်အများနဲ့  ။

အနုပဋိလောမတောင်ငိုရမယ့်

ငါတို့ရဲ့လက်တွေကျတဲ့အတွေးအခေါ်အသိတွေနဲ့

ကမ္ဘာကြီးကိုငြိမ်းချမ်းအောင်လုပ်ဖို့ဆို

ငါတယောက်တည်းနဲ့လည်းမရ

မင်းတယောက်တည်းနဲ့လည်းမရ

အများတကာဝိုင်းဝန်းကူညီမှ

ကိုယ်ပိုင်ရပိုင်ခွင့်အခွင့်အရေးတွေအတွက်တော့

ကိုယ်တိုင်သတ္တိမွေးကြကာ

သွေးခြင်းညီကြသူတွေလက်တွဲ

ရဲရဲပဲတိုက်ပွဲဝင်ကြရမှာ သဘာဝ

ပြည်သူလူထုရဲ့ဆန္ဒတွေကို

ရေရှည်တားဆီးထားနိုင်တဲ့

ဘယ်ဖောက်ပြန်တဲ့အစိုးရမှ

ကမ္ဘာပေါ်မှာမရှိသေးခဲ့

အောင်ပွဲဆီသို့ချီတက်ချင်ရင်တော့

ခင်ဗျားတို့ကျုပ်တို့ကိုယ်ပိုင်အသိတွေနဲ့

အကြောက်တရားတွေကိုရိုက်ချိုး

သွေးခြင်းညီကြသူတွေလက်တွဲကာ

ပျားအုံခံစားမှုမျိုးနဲ့ရှေ့ဆက်ချီရင်

ကျုပ်တို့တတွေ

အောင်ပွဲတွေဆီကိုဆက်ချီတက်နိုင်မှာအမှန်ပင့့်  ။

ဇာနည်မောင်

No comments:

Post a Comment