Saturday, May 29, 2010

“ စည်းလုံးခြင်းရဲ့အင်အား ”


မသေချာသေးဘူး -----
ပန်းတိုင်ကိုသိပေမယ့်
မုန်တိုင်းထန်တဲ့ခရောင်းလမ်းဖြစ်နေတယ်
မျက်မမြင်ပုဏ္ဍားတွေကလည်း
သူတို့စမ်းမိရာကို
အမှန်တရားအဖြစ်
မင်းကြီးထံကိုလျှောက်တင်နေကြတယ် --- ။
အခက်အခဲများစွာကို -----
ဥာဏ်သတိနဲ့ယှဉ်ကာကျော်ဖြတ်နိုင်သူဟာ
ဘ၀မှာအောင်မြင်သူတွေပဲ --- ။
အညှာမခိုင်လို့ကြွေရတာတွေနဲ့ -----
သပ်လျှိုဖြိုခွဲလို့ပြိုကွဲခဲ့ရတာတွေကလည်း
လောကနိယာမတရားတွေပေမို့
ဒုနဲ့ဒေးမှ --- ဒုနဲ့ဒေး ပဲ --- ။
သေချာတာတခုက -----
စည်းလုံးညီညွတ်မှုမရှိရင်
ထင်းချောင်းတချောင်းစီကိုအလွယ်တကူချိုးကာ
သူတို့အလိုကျ
မီးရှို့သုံးပစ်တာကိုခံရလိမ့်မယ် --- ။

             ဇာနည်မောင်



Tuesday, May 25, 2010

“ ရာဇ၀င်သမိုင်းမရိုင်းအောင် ”



ကြေကွဲစရာအတိတ်
ပျော်ရွှင်စရာအတိတ်တွေကို
ထိုင်လွမ်းစားမြုံပြန်ကာကြေကွဲနေမယ့်အစား
လက်ရှိအချိန်မှာလက်တွေ့လုပ်ရပ်တွေနဲ့
အနာဂတ်တခုလှပဖို့
ပြုပြင်ပြောင်းလဲလုပ်ဆောင်သင့်တယ့့်  ။
ကျန်ရစ်ခဲ့တဲ့အတိတ်က
နာကျည်းစရာတွေကိုမှတ်ထား
သူငယ်ချင်းရေ့  နောင်ဆက်မမှားအောင်ကြိုးစား
သိရက်နဲ့ဆက်မိုက်နေတဲ့  မင်း
ရလေလိုလေ အိုတစ္ဆေပဲ
အမှားတွေကိုပြင်တဲ့အခါမှာ
တကိုယ်ကောင်းစိတ်တွေကို ခ၀ါချ
တဖြေဖြေခြင်းနဲ့ပြုပြင်တဲ့နည်းကအကောင်းဆုံးပ့  ။
သာမန်အညတရတယောက်ဖြစ်ပေမယ့်
အတွေးအခေါ်လုပ်ရပ်ကောင်းတွေကိုသယ်ယူ
ပွဲပြီးမီးသေမဟုတ်တဲ့လုပ်ရပ်တွေနဲ့
အရာရာကိုချင့်ချိန်လုပ်ဆောင်သွားနိုင်မှသာလျှင်
လူသေသွားခဲ့ရင်တောင်
သမိုင်းကောင်းတခုကျန်ခဲ့မယ့့်  ။

         ဇာနည်မောင်

Saturday, May 8, 2010

“ ပြောင်းလဲခြင်း ”

စိတ်ထဲမှာရှိတာတွေနဲ့
အပြင်ဖက်ကလက်တွေ့ဘ၀တွေက
ကွာခြားလွန်းနေပေမယ့်
ယောင်္ကျားမိန်းမတို့ရဲ့
စွမ်းပကားတွေနဲ့သာ
မြေပြင်ရဲ့အတိဒုက္ခတွေကို
အောင်မြင်တဲ့သီးနှံ့တွေအဖြစ်
ပြောင်းလဲနိုင်စွမ်းရှိကြပေတယ့့်  ။
မာရသွန်ဆန်တဲ့ဘ၀လမ်းမှာ
ဒဏ်ရာတွေကိုပွတ်သပ်
တသသဖြစ်နေမယ့်အစား
ခရီးဆုံးရောက်အောင်ဆက်ပြေးဖို့
ကိုယ်ပိုင်အသိနဲ့အားမာန်ကိုတင်း
ဥာဏ်သတိနဲ့ယှဉ်ကာဆက်ပြေးရမယ့့်  ။
လိုချင်တာတွေကိုဖန်တီးယူဖို့
အသက်ရှင်ကာတိုက်ပွဲဝင်နေရတဲ့လောက
တခါတလေမှာသာယာမှုတွေရ
တခါတလေမှာလည်းပဲ့ 
အခက်အခဲများစွားကိုရင်ဆိုင်ခဲ့ရ
ဘ၀ဆိုတာကလည်း ရုန်းကန်မှုတိုက်ပွဲတခုပေမို့
သာမန်လူသားတွေဖြစ်ကြပေမယ့်
အသိဥာဏ်တွေကိုလွှာလွှာလေးသုံး
ခေတ်နဲ့အညီတိုးတက်လွတ်လပ်တဲ့ဘ၀တွေဖြစ်ဖို့
စာအုပ်ကြီးအတိုင်းပဲဆိုတဲ့ ပုံသေနည်းတွေကို
ပြောင်းလဲသင့်တဲ့နေရာမှာပြောင်းလဲကာ
ပန်းတိုင်ရောက်အောင်ဆက်ချီရမယ့့်  ။

                ဇာနည်မောင်