Saturday, February 26, 2011

ပြောင်းလဲခြင်း

အမှန်တရားအတွက်
ယုံကြည်ရာလမ်းတွေရှိခဲ့ပေမယ့်
ကယ်တင်ရှင်ကိုရှာမတွေ့နိုင်တော့
ကိုယ်ဟာ --- ယုံကြည်ရာဘာသာမဲ့တယောက်ဖြစ်ရတော့မှာလား --- ။
ကျွန်ုပ်နေထိုင်တဲ့ ဒီလောက
ပြဿနာပေါင်းသောင်းခြောက်ထောင်မက
ရှုပ်ထွေးပွေလီဆန်းပြားလှသပါ့ --- ။
အလိုမပြည့်နိုင်တဲ့ အတ္တတွေနဲ့
ဟောဒီလောကသားတွေရဲ့ဒုက္ခ
ကယ်တင်ရှင်တွေမျက်ကွယ်ပြုကာ
ဥပေက္ခာပြုထားတာကတော့ရင်နာစရာပါ့ --- ။
မဆုံးနိုင်သေးတဲ့မနက်ဖြန်တွေအတွက်
ဟောဒီလောကရဲ့အတိဒုက္ခတွေကိုရင်ဆိုင်ဖို့
သူငယ်ချင်းရေ --- ဥာဏ်ကိုမှီခို
ငြိမ်းချမ်းရေးအတွက်တိုက်ပွဲဆင်ဖို့
သွေးချင်းညီကြသူတွေလက်တွဲကာ
အရာရာတိုင်းကို အခြေအနေ
အချိန်အခါအရခေတ်နဲ့အညီ
ပြုပြင်ပြောင်းလဲနေထိုင်သွားတာကအကောင်းဆုံးပဲပေါ့ --- ။

        ဇာနည်မောင်