Tuesday, August 18, 2009

“ နေ့သစ်များဆီသို့လျှောက်လှမ်းခြင်း ”


မနက်ဖြန်များစွာရဲ့ 
မြေပြင်ရဲ့အတိဒုက္ခတွေကို
ယောင်္ကျားမိန်းမတို့ရဲ့စွမ်းအားတွေနဲ့
ပြုပြင်ပြောင်းလဲပြစ်ကြမယ်ဆိုတဲ့
ခိုင်မာတဲ့ယုံကြည်ချက်တွေနဲ့
သွေးခြင်းညီကြတဲ့ ငါတို့တတွေ
ဒီမိုကရေစီခရီးလမ်းဆီ ဆက်ချီတက်ခဲ့  ။
ဘ၀ဆိုတာမျိုးက့ 
ရုန်းကန်မှုတိုက်ပွဲတခုပေမို့
လွယ်လွယ်နဲ့မရနိုင်တာတွေအတွက်တော့
တန်ရာတန်ကြေးအဖြစ်
အရင်းအနှီးတချို့တော့
ပေးဆပ်ကြရအုံးမှာပေါ့  ။
ဘ၀တလျှောက်လုံးစာအတွက့့် 
ခေတ်မှီမျှတတဲ့ယုံကြည်ရာကို
ယာယီအခွင့်အရေး ရပိုင်ခွင့်တချို့နဲ့
လဲလှယ်မရောင်းစားပြစ်နိုင်တော့လည်း
ငါဟာ့  မသူတော်တွေထည့်ထားတဲ့
ခေါင်းမာသူစာရင်းထဲရောက်ခဲ့ပေါ့  ။
အာဏါ၊အခွင့်အရေးနဲ့ 
မိမိစည်းဇိမ်ချမ်းသာလောက်ကိုပဲ
အဓိကထာ့း့ 
သိရက်နဲ့ဆက်မိုက်နေကြတဲ့
ဘ၀တ၀က်စံ ငမိုက်သားတွေကတော့
မထိန်သိမ်းနိုင်တဲ့သူတို့နဲ့အတ္တတွေအတွက်နဲ့
ငရဲလမ်းဆီ တိုးဝင်နေကြဆဲ့  ရဲရဲ့  ။
လှုပ်ရှားမှုရှိရင်ပြောင်းလဲမှုရှိလို့ 
့ ယုံကြည်ချက်တခုကို
မယိမ်းမယိုင်ဆုပ်ကိုင်
အခက်အခဲတွေကိုအောင်မြင်စွာကျော်ဖြတ်ကာ
လွတ်လပ်ငြိမ်းချမ်းတဲ့ဘ၀တွေကိုတည်ဆောက်ဖို့
ငါတို့တတွေလည်း ဆက်လျှောက်နေကြဆဲပဲ့  ။
မြင့်မြတ်တဲ့စိတ်ထားပိုင်ရှင့့် 
ခွပ်ဒေါင်းတို့ရဲ့မိခင်ကလည်း
အများတကာနဲ့ ငြိမ်းချမ်းစွာနေမယ်ဆိုတဲ့
ယုံကြည်ချက်တခုအတွက်
အန္တရာယ်ဒုက္ခအမျိုးမျိုးကိုရင်ဆိုင်နေရလည်း
အနိုင်ယူခြင်းနဲ့ရှုံးနိမ့်နေသူတွေကို
တည်ငြိမ်စွာနဲ့ ရင်ဆိုင်နေဆဲပဲ့  ရဲရဲ့  ။
ဇာနည်မောင်
၂၇.၅.၀၉

No comments:

Post a Comment