Tuesday, August 18, 2009

“ အကျင့်ဆိုး ”


ဖျောက်မရတဲ့ 
အကျင့်ဆိုးတွေပါနေတော့လည်း
ငါဟာ တဇွတ်ထိုးလုပ်ကာ
ဆက်မိုက်ပြရအုံးမယ်ပ့  ။
ကိုယ်ထင်ရာကိုယ်ဆွဲတွေးကာ့ 
တလွဲတော့လျှောက်မတွေးနဲ့ သူငယ်ချင်း
ငါ့အကျင့်ဆိုးပါနေတာက
စစ်အာဏါရှင်ပြုတ်ကျရေးအတွက်သာ အဓိက့  ။
မြန်မာနိုင်ငံသားတွေကို့ 
ခေါင်းမဖေါ်နိုင်အောင်
အလဲထိုးနှိပ်ကွပ်ထားတဲ့ စစ်အစိုးရအတွက်
လ္ဘက်ထုပ်တတ်ကြသူတွေ ၀ိုင်းထုပ်ကြကာ
စစ်အာဏါရှင်တွေကို
ဘက်ပေါင်းစုံကနေ၀ိုင်းတိုက်ကြဖို့
တဇွတ်ထိုးဆက်မိုက်ကာ
အကျင့်ဆိုးတွေပြဖို့
အားလုံးတညီတညွတ်တည်း ဆုံးဖြတ်ချက်ချကာ
အကျင့်ဆိုးတွေနဲ့
စစ်အာဏါရှင်အမြစ်ပြုတ်အောင် ဆက်တိုက်ကြပါစို့  ။
ဇာနည်မောင်

No comments:

Post a Comment