Friday, August 14, 2009

တချို့တွေနေနိုင်လွန်းတယ်


ပျော်ရွှင်ခဲ့သောအတိတ်ကိုပြန်တွေ့း့ 

အပြစ်မသိသေးတဲ့ ခလေးဘ၀အရွယ်လောက်ကိုပေါ့

ဒီလိုနေ့မျိုး နေ့ရှည်မဆက်ရေး

ဒဏ်ရာတွေနဲ့ဘ၀မှာမပြည့်ရေးအတွက်မှာတော့

အများသဘောနဲ့ဝိုင်းလုပ်ရတဲ့အလုပ်မျိုးတွေမှာ

ကိုယ့်မျက်တောင်မွှေးတဆုံးလောက်သာမြင်ကြတဲ့

ပြီးတော့ ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့

ခလုတ်ထိမှာ အမိကိုတတတ်ကြတဲ့

တချို့တွေနေနိုင်လွန်းတယ့့်  ။

ရေရှည်ဘ၀ရေးအတွက်လည်းပဲ့ 

တချို့တွေက သိပ်မတွေး

အမြှီးကျက်ရင် အမြှီးစား

ခေါင်းကျက်ရင် ခေါင်းစားနဲ့

ညတာရှည်တဲ့ဆောင်းညမှာ

ဝံပုလွေတသိုက်ကြီးစိုးခိုက်

ဝိုင်းဝန်းတိုက်ခိုက်ရမယ့် အချက်ကိုထည့်မတွက်ပဲ

တချို့တွေနေနိုင်လွန်းတယ့့်  ။

လူတိုင်းသတ္တ၀ါတိုင်းပဲပေါ့ 

့မျှတလွတ်လပ်မှုတွေကို လိုလားကြတယ်

တချို့တွေကတော့ မျှတတဲ့လွတ်လပ်မှုတွေအတွက်

အခက်အခဲတချို့ကိုဝါးမျိုပြီး

လွတ်လပ်မှုပန်းတိုင်ဆီရောက်အောင်သွားရမယ့်လမ်းတွေကိုသိကြတယ်

တချို့တွေကတော့ လွတ်လပ်မှုတွေကိုလိုချင်ပေမယ့်

အခက်အခဲလေးတချို့လောက်ကိုတောင်မှ

ဝါးမျိုကျော်ဖြတ်ခြင်းမလုပ်ချင်ကြပဲ

ရေလိုက်ငါးလိုက်ပုံစံမျိုးတွေနဲ့

ရေစုန်မှာလှေကြုံစီးလိုက်ဖို့ပဲ စဉ်းစားနေကြတယ်

အောင်ပွဲဆိုတာတိုက်ရဲ့သူတွေအတွက်ပဲဖြစ်တယ်ဆိုတာကို မသိကြတဲ့

တချို့တွေနေနိုင်လွန်းတယ့့်  ။

မပြောမဖြစ်လို့ပြောရအုံးမယ့့် 

ကျုပ်တို့တတွေမျှတတဲ့လွတ်လပ်မှုတွေလိုချင်တယ်ဆိုရင်တော့

ဆရာအောင်ဝေး ရေးခဲ့သလိုပဲပျားအုံခံစားမှုမျိုးနဲ့ပဲ တိုက်ရမယ်ပ

ဒါပေမယ့် အဲ့ဒီအသွင်မျိုးဖြစ်အောင်

ကျုပ်တို့မြန်မာနိုင်ငံသားတွေ အတွေးအခေါ်တွေရှိလာအောင်

လ္ဘက်ထုပ်တတ်ကြတဲ့သူတိုင်း ၀ိုင်းထုပ်ကြကာ

စည်းလုံးညီညွတ်မှုတွေရအောင်

ဝိုင်းဝန်းပေါင်းစည်းလှုံဆော်ပေးကြ

ဘယ်နေရာမှာမှ သုံးမရတဲ့စုန်းပြူးတွေကိုတော့

ဥပေက္ခာပြုထားလိုက်ကြပေါ့

နှစ်ရှည်လများဒုက္ခတွေခံစားခဲ့ကြရပေမယ်

့တချို့တွေနေနိုင်လွန်းတယ့့်  ။

ကျွန်ုပ်တို့တွေဟာ လောကီသားတွေပေမို့ 

အားလုံ့း့  အားလုံးကပဲ ကိုယ့်ထက်သာတဲ့သူကိုအားကျကြရှာတယ်

ဒါပေမယ့်လည့်း့  သူငယ်ချင်းရေ

ကိုယ်လိုချင်တာတွေအတွက်တော့ ဥာဏ်သတိနဲ့ယှဉ်လေ

နေ့တဓူဝအလုပ်တွေအတွက်သာ

အကျင့်ပါနေတော့ ရေလိုက်ငါးလိုက်နဲ့လုပ်လို့ရပေမယ့်

တချို့  တချို့သောခက်ခဲတဲ့အရာတွေအတွက်ကိုတော့

ရေလိုက်ငါးလိုက်မက ကြိုးစားရမှာကိုသိနေလို့

ကြိုးစားလုပ်ကိုင်နေကြတာတွေကိုသိနေပါလျှက်နဲ့

တချို့တွေနေနိုင်လွန်းတယ့့်  ။

နိုင်ငံတနိုင်ငံရဲ့အရေးဟာ့ 

နိုင်ငံသားအားလုံးရဲ့အရေးဖြစ်တယ်ဆိုတာကိုသိရှိခံယူခဲ့လို့

ကျုပ်ဟာလည့်း့  ဒီမိုအရေးတိုက်ပွဲဝင်ရင်းနဲ့

ပြည်ပြေးတယောက်ဖြစ်နေရပေါ့

ဘ၀ရဲ့အတွေအကြုံတွေကရရှိထားခဲ့တဲ့ အမှန်တရားတွေအတွက်တော့

ယုံကြည်ရာလမ်းသစ်တခုဆီရောက်ဖို့

အိမ်လွမ်းစိတ်တွေကိုအသိတရားနဲ့ဖျောက်ကာ

ခရီးကြမ်းတွေကိုဆက်နှင်နေဆဲပဲ

ဘ၀တခုမှာရည်မှန်းချက်အတိုင်းပြည့်စုံတဲ့ဘ၀တခုကိုတည်ဆောက်ဖို့

အခက်အခဲတွေကိုဝါးမျိုနေချိန်မှာတော့

ပြောမှသိ၊ထိမှနာတတ်ကြတဲ့စုန်းပြူးလိုဖြစ်နေကြတဲ့

တချို့တွေနေနိုင်လွန်းတယ့့်  ။

ဇာနည်မောင်

( ၆ . ၇ . ၂၀၀၉ )မှတ်ချက် ( ၆ . ၇ . ၂၀၀၃ ရက်နေ့မှာ ဘ၀တပါးသို့ပြောင်းသွားသည့် ၁၃၀၀ ပြည့်ဖွား အမေဆုံးသွားသည့် ၅ နှစ်နဲ့ ၉ လပြည့် အမှတ်တရအမေပြောခဲ့ဖူးသည့် စကားတချို့ကို ထည့်ပြီးရေးထားပါသည်။ အမေကောင်းရာ သုဂတိလားပါစေ )

No comments:

Post a Comment