Thursday, August 13, 2009

ဆန္ဒ

မပြည့်စုံသေးတဲ့ 
ငါ့အတွေးအခေါ်
အတွေ့အကြုံတွေများ
မှားနေလေရော့ လား !!!
ဘ၀တခုကောင်းဖို့
ပြီးတော့ဘ၀မှာ
လိုချင်တာတွေကိုရယူဖို့
အစွန်းမရောက်ပဲ
မျှတစွာရယူနိုင်ဖို့ကို
အကြိမ်ကြိမ်အခါခါပြန်စဉ်းစားပြီးမှ
ပြုလုပ်တတ်တာ ငါ့အပြစ်လား !!!
အဖြေမှန်တခု ရဖို့အတွက်
ရိုးသားစွာဝေဖန် အကြံပေးကြပါ့  ။
အဖြေမှန်တခုလိုချင်တဲ့အတွက့့် 
ကျနော့အမြင်တွေမှားနေခဲ့ရင်
ဦးဆုံးတကြိမ်မှာတော့ အလဲမထိုးကြပါနဲ့
တကယ်ဆိုကျနော်ဟာ
သိရက်နဲ့ဆက်မိုက်နေမယ့်သူ တယောက်မဟုတ်ပါ
တကယ်လို့ပေါ့ မိတ်ဆွေရာ
ခင်ဗျားက ကျုပ်ကို
မညှာမတာ အားနည်းချက်ရှာပြီး
အလဲထိုးတော့မယ် ဆိုရင်တော့
ခင်ဗျားရဲ့ ကိုယ်ကျင့်တရားနဲ့
လုပ်ရပ်တွေကိုလည်းပဲ
တခြားသူတွေ အလဲဝိုင်းထိုးတဲ့အခါ
ခံနိုင်ရည်ရှိမရှိတော့
ပြန်လည်သုံးသပ်ထားလိုက်အုံးပေါ့  ။
ဇာနည်မောင်

No comments:

Post a Comment