Friday, August 14, 2009

မင်းတရားခံဖြစ်မယ်

မသိသေးဘူးဆိုရင်လည့်း့ 
အတိအကျသိရအောင်လို့
ဆက်ပြီးလေ့လာလိုက်အုံးပေါ့
တိုင်းပြည်တပြည်ကိုအုပ်ချုပ်
ခေါင်းဆောင်လုပ်မယ့်သူက
ဟိုလူပြောလည်း ဟုတ်နိုးနိုး
ဒီလူပြောလည်း ဟုတ်နိုးနိုးနဲ့
ကိုယ်ပိုင်ရွေးချယ်ထာတဲ့လမ်းတခုမရှိပဲ
ဟိုလိုလို ဒီလိုလိုနဲ့တော့
တွေဝေနေလို့ မရဘူးပေါ့  ။
တိုင်းပြည်ကိုအုပ်ချုပ်တဲ့အခွင့်အရေးတွေကိုယူပြီ့း့ 
ပြည်သူတွေကိုပါတွေဝေသွားအောင်
ကိုယ့်တိုင်းသူပြည်သားတွေကိုတော့
အဆိပ်တွေ့  အဆိပ်တွေ မခပ်ကြနဲ့ပေါ့
မင်းမမှန်ရင်တော့
မင်းတရားခံဖြစ်မှာပေါ့
ငါမမှန်ရင်လည်း
ငါတရားခံဖြစ်မှာပဲ
ငါကတော့တိုင်းပြည်ကို အုပ်ချုပ်ချယ်လှယ်ဖို့
မစဉ်းစားခဲ့ဘူးသေးပေမယ့်
ဒီမိုကရေစီအခြေခံအုတ်မြစ်တခုဖြစ်ဖို့အတွက်
အုတ်တချပ် တခုအဖြစ်ပါဝင်ဖို့
ငါကြိုးစားနေဆဲပါပဲ့  ။

တိုင်းပြည်ကိုအုပ်ချုပ်ကာ့ 
နိုင်ငံအရေးကိုကြိုးကိုင်ကြမယ့်သူတွေဆိုရင်တော့
မနက်ဖြန်များစွာရှိနေကြသေးတဲ့
ပြည်သူပြည်သားတွေရဲ့အရေးတွေကို
မျှမျှတတလွတ်လပ်မှုတွေရှိအောင်တော့
ထည့်သွင်းစဉ်းစားပေးကြအုံးပေါ့
ကိုယ့်သမိုင်းကြောင်းတခုကောင်းအောင်လို့
ကိုယ့်ရဲ့လက်တွေ့လုပ်ရပ်တွေနဲ့ပြုလုပ်ခဲ့ကြရတာ
ဖြစ်နေတော့မင်းမမှန်တာလုပ်ခဲ့ရင်တော့
သမိုင်းမှာ မင်းပဲတရားခံဖြစ်မှာပေါ့  ။
လူ့ဘောင်လောကတခုမှာ့ 
လောကကောင်းကျိုးသယ်ပိုးချင်တယ်ဆိုရင်တော့
ကိုယ်ယုံကြည်ထားတာတွေကို
အများပြည်သူကိုချပြရဲရမှာပေါ့
ပြည်သူပြည်သားတွေကသာလျှင်
အကောင်းနဲ့အဆိုးတွေကိုအဆုံးအဖြတ်ပေးကြမှာမို့
မင်းမမှန်ရင်တော့
မင်းတရားခံဖြစ်မှာပေါ့  ။
နိုင်ငံရေးပါတီတွေနဲ့ တခြားအဖွဲ့အစည်းတွေကလည့်း့ 
အများအကျိုးအတွက်မိမိယုံကြည်ရာတွေကို
အများပြည်သူကိုချပြရဲရမှာပဲ
ထုတ်ပြန်ကြေညာချက်တွေရဲ့နောက်ကွယ်က
အကျိုးစီးပွားတွေကို
အများပြည်သူတွေကဖေါ်ထုတ်ကြမှာမို့
မင်းမမှန်ရင်တော့
မင်းတရားခံဖြစ်မှာပေါ့  ။
တခါတလေမှာလည့်း့ 
မြန်မာ့လွတ်လပ်ရေးကြေညာစာတမ်းထဲကအတိုင်း
“ ငါတို့သည် အတိတ်ကိုလည်းမပြန်
အနာဂတ်ကိုလည်းမမျှော်
ပစ္စုပ္ပန်တည့်တည့်ပဲသွားမည် ” ဆိုတဲ့စကားအတိုင်း
လက်ရှိအချိန်မှာ အများစုအားလုံးနီးပါးနဲ့
သဟဇာတဖြစ်အောင် နေထိုင်နိုင်ပြီးတော့
သမိုင်းကောင်းတခုကျန်ခဲ့အောင်
ကြိုးစားလုပ်ဆောင်ကြရမှာပေါ့
တိုင်းပြည်ကိုချယ်လှယ်အုပ်ချုပ်တဲ့
အခွင့်အာဏါတွေရှိထားပြီးတော့
အများပြည်သူအရေးကို ဦးစားမပေးရင်တော့
မင်းပြုလုပ်ခဲ့တဲ့ ရက်စက်တဲ့လုပ်ရပ်တွေအတွက်
အနာဂတ်သမိုင်းမှာတော့
မင်းပဲတရားခံဖြစ်မှာပေါ့  ။

ဇာနည်မောင်
( ၂၀၀၈ ညောင်နှစ်ပင်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေနှင့် ၂၀၁၀ ရွေးကောက် ပွဲကို မိုက်မဲစွာဝင် မည့်သူများအတွက် )

1 comment:

  1. မင်းမမှန်ရင်တော့


    မင်းတရားခံဖြစ်မှာပေါ့


    ငါမမှန်ရင်လည်း


    ငါတရားခံဖြစ်မှာပဲ

    ReplyDelete