Wednesday, September 22, 2010

“ ပန်းတိုင် ”

ယုံကြည်ချက်နဲ့သွားတဲ့လမ်း
တခါတလေမှာခရီးကြမ်းပေမယ့်
ဇွဲမာန်တင်းကာလှမ်းနေရလို့
ငိုချင်ပေမယ့်မငိုဘူး
ကြွေချင်ပေမယ့်မကြွေဘူး
ဒုက္ခအခက်အခဲ
အန္တရာယ်တွေကိုရင်ဆိုင်ဖို့လည်း
အဆင်သင့်ပဲ --- ။
တထောက်နားတဲ့မောပန်းချိန်မှာ
ချွေးစို့စို့ကိုသုတ်
ရှေ့ခရီးစဉ်အတွက်စဉ်းစားကာ
တတ်နိုင်သမျှအားကိုတင်းပါလို့
ခရီးဆုံးရောက်တဲ့အထိ
မလျှော့တဲ့ဇွဲနဲ့ဆက်လှမ်းနေမှာ --- ။

                        ဇာနည်မောင်

No comments:

Post a Comment