Friday, April 16, 2010

“ မျိုးစေ့ ”


ကမ္ဘာမြေပြင်ရဲ့သဘာဝတရားတွေကိုရင်ဆိုင်ကြရင်း -----
သီးနှံမျိုးစေ့တွေကရှင်သန်နေကြတယ်
တချို့သီးနှံတွေကမျိုးစေ့ကောင်းလို့
ဖွံ့ထွားရှင်သန်နေကြတယ်
တချို့သီးနှံ့တွေကဥယျာဉ်မှုးကောင်းလို့
ဈေးကွက်မှာလည်းရောင်းပန်းလှကြတယ်
တချို့သီးနှံ့တွေကအဟာရမလုံလောက်ကြလို့
ပိန်လှီကာကြီးထွားလာတယ့့်  ။
ပြဿနာတခုရဲ့အဖြေကိုရှာကြရာဝယ် -----
အစ၊အလယ်၊အဆုံး သုံးခုစလုံးကို
သုံးသပ်တွေးတောကာရယ်
တွက်ချက်လုပ်ဆောင်ကြသင့်တယ့့်  ။
ခြံထဲကသီးပင်တွေကို -----
ရောင်းကွက်မှာမျက်နှာပန်းလှပြီး
အဟာရဖြစ်စွာစားသုံးနိုင်အောင်
ပြုစုပျိုးထောင်ကာဂရုစိုက်ရမှာကတော့
ဥယျာဉ်မှုးတို့ရဲ့တာဝန်ပင့့်  ။

  ဇာနည်မောင်

No comments:

Post a Comment