Sunday, September 18, 2011

ကမ္ဘာမကြေဘူး

နှစ်တွေ နှစ်ဆယ့်သုံးတလီတိတိ
ကြာခဲ့ပြီဆိုပေမယ့်မေ့မရသေးဘူး
အတိတ်ဆိုပေမယ့်လည်း
အဲ့ဒီဆိုးညစ်တဲ့ဖြစ်ရပ်ဟာ
ပါးစပ်ရာဇ၀င်တခုမဟုတ်ခဲ့ဘူး --- ။
ဗိုလ်နေ၀င်းကြိမ်းဝါးခဲ့တဲ့
စစ်တပ်ဆိုတာပစ်ရင်မိုးပေါ်ထောင်မပစ်ဘူး
ပစ်ရင်တည့်တည့်ဘဲပစ်တယ်ဆိုတဲ့စကားကို
လက်တွေ့အကောင်အထည်ဖေါ်ပြကာ
ငြိမ်းချမ်းစွာသပိတ်မှောက်တဲ့သူတွေကို
ပစ်သတ်ပြကာ ဒုတိယအကြိမ်အာဏာသိမ်းခဲ့တဲ့နေ့ --- ။
ကိုယ့်တယောက်တည်းအတွက်မဟုတ်ဘဲ
တတိုင်းပြည်လုံး စစ်ဖိနပ်အောက်ကလွတ်မြောက်ရေးဖြစ်လို့
မကြေဘူးဟေ့ --- မကြေဘူးကွ
လူမဆန်တဲ့ မင်းတို့ရဲ့လုပ်ရပ်တွေအတွက်
ငါတို့တွေမှာ သက်သေအထောက်အထားအမြောက်အများနဲ့ --- ။

              ဇာနည်မောင်

No comments:

Post a Comment