Thursday, December 23, 2010

“ အနိုင်းမဲ့ခရစ်တော် ”

ဧဒင်ဥယျာဉ်ကြီးထဲမှာပေါ့ --- --- ---
အာဒံနဲ့ဧ၀တို့က
စာတန်ရဲ့လှည့်ဖျားစကားကိုယုံစား
မစားရဆိုတဲ့အပင်က အသီးကိုစားမိလို့
ကောင်းကင်ဘုံကနှင်ချခံရကာ
ထာဝရအသက်ရှင်ရေးတွေဆုံးရှုံးခဲ့ရတယ် --- ။
မေတ္တာတရားကြီးမားလှတဲ့ အဖဘုရား --- --- ---
တဦးတည်းသောသားတော်
သခင်ရေရှု့ကိုကမ္ဘာမြေပေါ်ကိုစေလွှတ်
ထာဝရအသက်တာတွေပြန်ရစေဖို့အရေး
ခရစ်တော်ကလမ်းပြပေးခဲ့ကာ
လက်ဝါးကပ်တိုင်မှာ
သံမှိုနှက်ခံကာ
အားလုံးရဲ့ကိုယ်စားပေးဆပ်ခဲ့တယ် --- ။
အပြစ်ရှိလို့လူဖြစ်လာကြတဲ့ --- --- ---
လောကသားတွေရဲ့ဒုက္ခတွေကိုကယ်တင်ဖို့
ဒီကမ္ဘာမြေပေါ်ကိုနောက်ထပ်တကြိမ်
ရေရှုခရစ်တော်ပြန်လာလိမ့်ဦးမယ် --- ။

                          ဇာနည်မောင်
( ထာဝရဘုရားသခင်ရဲ့ကောင်းချီးတော် လောကသားတိုင်းအပေါ်ကျရောက်နိုင်ပါစေ --- အာမင် )

No comments:

Post a Comment