Tuesday, August 10, 2010

“ မာန် - - - သတိ ”



အကွက်ရွှေ့မှားရင် -----
အစားခံရမယ့်
စစ်တုရင်ပွဲမှာ
အရေးကြီးဆုံးသတိထားရမှာက
မိုးထဲရေထဲပွဲသိမ်းတိုက်ပွဲမှာ
ခွချက် ( Chess ) မမိစေဖို့ပဲ --- ။
မညီမညာနဲ့လှမ်းတဲ့လမ်းမှာ -----
တခါတလေလဲကျတာ
ပြန်ထူလို့ရပေမယ့်
ခဏ --- ခဏ လဲကျတာကို
အားမတင်းပဲ အရှက်ပြေ
ချော်လဲရောထိုင်တော့ မလုပ်ပစ်မိစေနဲ့ပေါ့ --- ။
မာရသွန်ဆန်တဲ့ဘ၀လမ်း -----
ယုံကြည်ချက်တခုကိုဆုပ်ကိုင်
အားမာန်တွေကိုတင်းကာ
ဆက်ကာလှမ်းနိုင်မှ
ပန်းတိုင်ရောက်တဲ့အထိ အောင်မြင်နိုင်မယ်ပ --- ။

                                   ဇာနည်မောင်

No comments:

Post a Comment