Monday, July 26, 2010

“ ပေါင်းစပ်ခြင်း ”


စိတ်ထဲရှိတာတွေနဲ့
အပြင်ဖက်ကလက်တွေ့အဖြစ်တချို့က
ကွာခြားလွန်းနေပေမယ့်
မြေပြင်ရဲ့အတိဒုက္ခတွေကို
ယောင်္ကျားမိန်းမတို့သာလျှင်
အောင်မြင်တဲ့သီးနှံ့တွေအဖြစ်
ပြောင်းလဲနိုင်စွမ်းရှိကြလို့
ဖြစ်နိုင်တဲ့လုပ်ရပ်တွေကိုစဉ်းစားကာ
လက်တွေ့အလုပ်နဲ့ပေါင်းစပ်လိုက်ရင်တော့
အောင်မြင်တဲ့သီးနှံ့တွေကို
မြင်တွေ့စားသုံးကြရမှာပေါ့ --- ။
စဉ်းစားတွေဝေနေတာတွေနဲ့
အချိန်တွေကုန်လွန်နေစေမယ့်အစား
ဘက်နှစ်ဖက်စီရှိနေကြတဲ့ သဘောတရားတွေကို
ကိုယ်ပိုင်အသိနဲ့လေ့လာခွဲခြား
ဘက်တဖက်မှာပဲရဲရဲရပ်ကာ
အများတကာအတွက်ကောင်းကျိုးဆောင်ရွက်နိုင်ရင်တော့
လောကကြီးအမြဲအေးချမ်းကာ
ငြိမ်းချမ်းသာယာမှုတွေနဲ့ပဲ
အစဉ်အမြဲတိုးတက်နေမှာပါ --- ။
ဒါပေမယ့် ပေါ့ဗျာ
“ သစ်ပင်ကြီးတပင်ကွယ်နေလို့
ရှေ့ကတောအုပ်ကြီးတခုလုံးကို
မမြင်ရဘူး ” ( ချင်းစကားပုံ ) ဆိုတာကတော့
ရင်နာစရာတခုပါ့
အနာသိရင်ဆေးရှိတယ်
ရောဂါတခုကို
သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ
အမြစ်ပြတ်အောင်ကုဖို့ဆိုရင်တော့
ဆောင်ရန်ရှောင်ရန် စည်းကမ်းတချို့နဲ့
ရေလိုက်ငါးလိုက်မက လိုက်နာကျင့်ကြံ
ကြိုးစားအားထုတ်မှုတွေရှိဖို့တော့လိုတယ် --- ။
အမြင့်ပျံငှက်တွေဟာလည်း
သူတို့တတွေရဲ့ခွန်အား
ဇွဲလုံ့လတွေနဲ့ပေါင်းစပ်ကာ
သူတို့အတွက် အေးချမ်းသာယာတဲ့
အသိုက်အမြုံဆီကို အိပ်တန်းပြန်ဝင်နိုင်အောင်
အစာရှာပျံသန်းရင်း
ကြိုးစားနေကြဆဲပဲ --- ။

                   ဇာနည်မောင်
         

No comments:

Post a Comment