Friday, December 25, 2009

“ အားလုံးရဲ့ကိုယ်စား ”




အေးချမ်းလှတဲ့ 
ဒီဇင်ဘာလရဲ့ နောက်ဆုံးအပတ်ထဲမှာ
ထာဝရဘုရားသခင်ရဲ့
သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးနဲ့ သန္ဓေရခဲ့တဲ့
တဦးတည်းသောသားတော်
ယေရှုခရစ်တော်ကို မွေးဖွားခဲ့တယ့့်  ။
ဧဒင် ဥယျာဉ်ကြီးထဲမှာပေါ့ 
မစားရလို့ ဘုရားတာမြစ်ထားတဲ့အပင်ကအသီးကို
စာတန်နတ်ဆိုးရဲ့မာယာစကား ဧ၀ယုံစားကာ
အဲ့ဒီပန်းသီးကို အာဒံကိုကျွေးခဲ့လို့
ထာဝရအသက်တွေ ဆုံးရှုံးခဲ့ရပေါ့  ။
မေတ္တာတော်ကြီးမားတဲ့ထာဝရဘုရာ့း့ 
အပြစ်ရှိလိုလူဖြစ်လာကြတဲ့
လောကသားတွေကို ဥပေက္ခာပြုမထားနိုင်လို့
အားလုံးရဲ့ကိုယ်စားပေးဆပ်ဖို့
သားတော်ယေရှုကို သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးနဲ့
မာရိရဲ့ဝမ်းမှာ သန္ဓေတည်စေကာ
ဒီကမ္ဘာမြေပေါ် လွှတ်ချခဲ့ပေါ့  ။
ခရစ်တော် ယေရှုကလည်းပဲ့ 
လောကသားတွေအားလုံး ထာဝရအသက်တွေပြန်ရဖို့
အားလုံးရဲ့ကိုယ်စား
လက်ဝါးကပ်တိုင်မှာ သံမှိုနှက်ခံကာ
မေတ္တာတရားကြီးမားစွာ အသေခံပြခဲ့ပေါ့  ။

ဇာနည်မောင်
၂၅.၁၂.၂၀၀၉ ( သောကြာနေ့ )

1 comment:

  1. ကဗျာလေးအရမ်းကောင်းတယ်.ကြိုက်တယ်.နှစ်သစ်ကူးမှာ
    ဒီကဗျာလေးနဲ့ ဘုရားရဲ့ ကျေးဇူးတော်ကို ချီးမွန်းတဲ့အတွက်
    ဘုရားသခင် ကောင်းချီးပေးပါစေရှင်

    ခင်မင်စွာ
    မယွန်း

    ReplyDelete