Thursday, March 18, 2010

“ ညီလေးနဲ့တခဏတာ ”





ညီလေးရေ့ 
ငါတို့တတွေဟာ
သာသူကိုအားကြတဲ့
ပုတုစဉ်လူသားတွေဖြစ်ကြတယ့့်  ။
တကယ်ဆိုငါတို့တတွေဟာလောကီသားတွေပေမို့ 
လောကသဘာဝအတိုင်းလိုက်ကာ
တခါတလေမှာ
တကိုယ်ကောင်းအတ္တတွေကို
ကိုယ်ပိုင်အသိနဲ့ဖျောက်လို့
အစွန်းရောက်လွန်းတဲ့
လူ့တိရစ္ဆာန်မဖြစ်အောင်
အများတကာနဲ့သဟဇာတဖြစ်ဖို့
ကိုယ်ပိုင်အသိနဲ့အမြဲရှင်နေရတယ်နော့့်  ။
ညီလေးရေ့ 
ကိုယ့်မျက်စေ့မွှေးတဆုံးမကပဲ
ဝေးဝေးကိုမြင်နိုင်အောင်လို့
မြင့်မြင့်ပျံပြီးတော့
ဝေးဝေးကြည့်ရမယ့့်  ။
နားစွင့်ထားညီလေ့း့ 
ဟိုးရှေ့က၀ံပုလွေတွေ
သားရဲကိုလိုက်ရင်း
စူးစူးရဲရဲအူသံတွေကြားနေတယ်
ဒါပေမယ့် ခေါင်းဆောင်
ဝံပုလွေအိုကြီးအသံကိုသိပ်မကြားရဘူး
တဘို့တည်းကြည့်တတ်တဲ့ဝံပုလွေအိုကြီးက
တချီတည်းနဲ့သားရဲကိုအပြီလှဲဖို့ပဲ
အဓိကကြိုးစားနေလေရဲ့  ။
ညီလေးရေ့ 
ခေါင်းဆောင်လုပ်တဲ့သူဆိုတာ
စွန့်လွှတ်စွန့်စားမှု
သီးခံအနစ်နာခံမှုနဲ့
ရဲရင့်ဆုံးဖြတ်ဥာဏ်မှန်ကန်မှု
တခုကောင်းတခုတော့ရှိရမယ့့်  ။
ညီလေးငါတို့တတွေက့ 
ယုံကြည်ကိုးကွယ်ကြတာ
ဘာသာအသီးသီးဖြစ်ကြပေမယ့်
ဘာသာတရားတိုင်းမှာ
မကောင်းတာတွေလုပ်ဖို့
ဟောကြားဆုံးမထားတာတွေမရှိဘူ့း့  ။
တကယ်ဆိုရင်ညီလေးရာ့ 
ငါဟာ ပညာရှိတယောက်မဟုတ်တော့
စကားကြွယ်သူပညာတတ်တွေနဲ့
နေ့တဓူဝလောကအကြောင်းတွေပြောကြရင်း
သူတို့တတွေလောက်
ငါကဥာဏ်မသုံးတတ်တော့
ပညာရှိတွေအကြား
ငါ့မှာ့  မျက်နှာငယ်နဲ့ရှက်စရာပ့  ။
ဒါပေမယ့်လည်း ညီလေးရေ့ 
အချိန်ရရင်ငါဟာ
ကိုယ့်ကိုကိုယ်ပြန်သုံးသပ်ဝေဖန်တတ်လို့
ငါဟာ့  ပညာနည်းပေမယ့်
အစွန်းရောက်တာတွေမလုပ်ခဲ့ဘူး
ကွဲကွာ ညီလေးရာ
ငါတို့နှစ်ယောက်တွေ့ရတဲ့တခဏ
မင်းရဲ့အမြင်လေးတွေနဲ့
ခံစားချက်လေးတချို့ကိုပြောပြပါဦ့း့  ။



ဇာနည်မောင်

Saturday, March 13, 2010

“ အလွမ်းရင့် ”



မပြေလည်မွန်းကြပ်တဲ့သ၀ကိုစွန့်ခွာ
အိပ်ယာအသစ်ကိုရှာဖို့ကြိုးစားနေသူပါ
ပျော်ရာမှာမနေရပဲ
တော်ရာမှာနေရတဲ့ဘဝ
လရှည်နှစ်များစွာနဲ့
အလွမ်းတွေရင့်နေပေမယ့်
ယုံကြည်ချက်ကိုခိုင်မြဲစွာဆုပ်ကိုင်ထားနိုင်လို့
အာဏာရှင်တို့ရဲ့ စစ်ဖိနပ်အောက်ကို
ဘယ်တော့မှ ဒူးထောက်မ၀င်ဘူ့း့  ။
သာမန်အရတရတယောက်ဖြစ်ပေမယ့်
ဝေးဝေးကိုမြင်နိုင်ဖို့အတွက်
မျက်စေ့စုံဖွင့်၊နားကုန်စွင့်လို့
အမြင့်ကပဲပျံနေမှာပါ
အန္တရာယ်တွေတွေ့ခဲ့၇င်တော့
အသင့်ပြင်ထားနိုင်ဖို့
သွေးချင်းညီသူတွေကိုအကြောင်းကြားပေးမပေါ့  ။
ဖုတ်ဝင်စီးခံနေရတဲ့ မိစ္ဆာတွေကြားမှာ
အန္တရာယ်တွေများလှပေမယ့်
ဥာဏ်သတိနဲ့ယှဉ်ကာ
ရောင်နီတွေယှက်ဖြာသန်းတဲ့
အာရုံဦးနေ့သစ်တွေဆီမရောက်မခြင်း
အလွမ်းရင့်တွေကိုမြိုသိပ်ကာ
မနားတမ်းပဲခရီးဆက်နေမယ့့်  ။

ဇာနည်မောင်

Friday, March 5, 2010

“ လွတ်လပ်စွာအသက်ရှင်ခြင်း ”

     
မိခင်ဝမ်းထဲကထွက်လာကာစ
ဘာမှမသိတဲ့အရွယ်ကတည်းက
လွတ်လပ်စွာနဲ့ငိုကြွေးခွင့်ရခဲ့သပ
အဲ့ဒီလွတ်လပ်ခြင်းမျိုးတွေက
မွေးရာပါတကယ့်လွတ်လပ်တဲ့သဘာဝ့  ။
တဖြေးဖြေးနဲ့ကြီးပြင်းလာကာ
လုံချည်အစိမ်းနဲ့အကျီ င်္အဖြူကိုဝတ်ပါလို့
ကျောင်းတတ်ခဲ့ရတာကလည်း
လူ့ဘောင်စည်းကမ်းတွေကိုလိုက်နာတတ်အောင်
အခြေခံမူလတန်းကျောင်းကစသင်ပေးလိုက်တာပဲ
အဲ့ဒီလိုနဲ့ပဲအရွယ်ရောက်ခါကြီးပြင်းလာကာ
ဗဟုသုတအသိအမြင်တချို့ထပ်တိုးလာလို့
မတရားတဲ့အမိန်တွေကိုဖီဆန်တတ်လာ့  ။
လူ့ဘောင်တခုကိုတိုးတက်ကာ
မျှတလွတ်လပ်စွာဆက်လက်အသက်ရှင်ဖို့အတွက်
တတ်စွမ်းသမျှကြိုးစားကာစွမ်းဆောင်ဖို့ရည်ရွယ်ချက်နဲ့
နှောင်ကြိုးတွေကိုဖြတ်ပါလို့
သွေးချင်းညီသူတွေနဲ့လက်တွဲခဲ့  ။
ဆင်ခြင်တုံတရားနဲ့သွားနေတဲ့ခရီးလမ်းမှာတော့
အမှန်ကိုမြင်တဲ့မျက်လုံး
အမှန်ကိုဆိုမယ့်နုတ်ဖျားတွေကို
အဖောက်မခံ အချုပ်မခံရအောင်
မတရားတဲ့အမိန့်တွေကို
ကိုယ်ပိုင်အသိတရားနဲ့ဖီဆန်ခဲ့
ရှေ့ဆက်လှမ်းမယ့်ဘ၀ခရီးလမ်းမှာလည်းပဲ
မျှတတဲ့ဥပဒေတွေအောက်မှာပဲ ရှင်သန်သွားမယ့့်  ။

          ဇာနည်မောင်

Thursday, March 4, 2010

“ သမိုင်းကြောင်းသက်သေ ”

     
ရှေးရာဇ၀င်တွေကအစ သမိုင်းကြောင်းတလျှောက်
ခိုင်လုံတဲ့သက်သေအထောက်အထားအထားတွေနဲ့
သမိုင်းလေ့လာနေကြတဲ့
လောကီသားတွေမှာရှိခဲ့ကြလေရဲ့  ။
လောကကောင်းကျိုးကို
တတ်စွမ်းသမျှသယ်ပိုးမယ့်သူတွေအတွက်တော့
အချိန်နဲ့အမျှနေ့တဓူဝ
ကြုံတွေ့နေသမျှတွေအတွက်
ပွဲပြီးမီးသေပေါ့ပျက်ပျက်လုပ်ပြစ်လို့မရ့  ။
မြန်မာပြည်သားမှန်ရင်တော့
သံလွင်၊ချင်းတွင်းတို့ စီးဝင်ကာပေါင်းစုလာတဲ့
မြစ်မင်းဧရာဝတီကိုသိကြတယ်
လောကကောင်းကျိုးကိုဆောင်ကြမယ့်လူသားတွေကတော့
ဆိုးညစ်တဲ့အတိတ်သမိုင်းတွေကိုသင်ခန်းစာယူ
လက်ရှိပစ္စုပ္ပန်နဲ့အတိတ်မှာပါ
သက်သေအထောက်အထားတွေနဲ့ပြနိုင်အောင်
အချက်အလက်တချို့ကိုစုဆောင်း
အနာဂတ်သမိုင်းကြောင်းကောင်းအောင်
လက်တွေ့လုပ်ရပ်တွေနဲ့ကြိုးစားနေကြလေရဲ့  ။

           ဇာနည်မောင်

Sunday, February 28, 2010

“ တလမ်းသွားမဟုတ်ဘူး ”

ကျွန်ုပ်တို့နေထိုင်တဲ့ ဒီကမ္ဘာကြီးဟာ့ 
လွန်ခဲ့တဲ့နှစ်ပေါင်းသန်းသုံးဆယ်လောက်က
အစတည်ခဲ့တယ်ဆိုတာ
ဂျာမဏီနိုင်ငံက သိပံ္ပပညာရှင်တွေမှာ
ကျောက်ဖြစ်ရုပ်ကြွင်း သဲလွန်စတချို့နဲ့
သက်သေတွေပြသနိုင်ခဲ့တယ့့်  ။
ပိုက်ဆံပေါကာ ဝေလေလေနေတတ်သူတွေအတွက့့် 
ပျော်ရွှင်ရတဲ့နေ့ရက်အချိန်တွေက တိုတောင်းလိမ့်မယ်
တနေ့လုပ်တနေ့စားဘ၀သမားတွေအတွက်
သူတို့အခက်အခဲတွေနဲ့ သူတိုဒုက္ခတွေက
ရှည်ကောင်းရှည်နေကြလိမ့်မယ့့်  ။
ပျော်ပျော်နေသေခဲလို့ ဆိုရိုးတွေရှိခဲ့ကြလို့ 
တချို့သူတွေလည်းပဲ
တော်ရာအရပ်မှာပဲပျော်အောင်နေခဲ့ကြ
တချို့သူအနည်းစုကတော့
ပျော်ရွှင်ရာအရပ်မှာပဲ ပျော်ပျော်ရွှင်ရွှင်နေနိုင်ကြရ
အဲ့ဒီလိုဘသအခြေအနေမျိုးရတာကို
ဝမ်းသာစွာနဲ့ဂုဏ်ယူသပ့  ။
မြန်မာစစ်အစိုးရက သင်တန်းပေးနေတဲ့ 
တချို့နေရာကသင်တန်းတွေမှာတော့
“ မှန်ကန်ရင်ကွဲသည် ” ဆိုတဲ့ “ မှန် ” ဥပမာနဲ့
အမှန်တရားတွေမပြောရဲမဆိုရဲပဲ
အထက်ကအမိန့်တွေကိုပြန်မလှန်ရဲအောင်
အကြောက်တရားတွေနဲ့
ဦးနှောက်ဆေးကြောခြင်းကိုခံနေကြရ့  ။
အာဏာရှင်စနစ်နဲ့ မင်းဆိုးမင်းညစ်ကို
အကြမ်းမဖက်တဲ့နည်းနဲ့အနိုင်တိုက်မယ်ဆိုကာ
မင်းကိုနိုင်အမည်ခံ ကိုပေါ်ဦးထွန်း
အမှန်တရားကိုဆိုကာ ပြည်သူ့ရှေ့ကထွက်ရပ်ပြခဲ့လို့
သူ့အသက်ထက်မက
နှစ်ရှည်ထောင်ဒဏ်ချခြင်းကိုခံခဲ့ရ့  ။
အမှန်တရားတချို့ကိုထောက်ပြကာ့ 
မထိတရိနဲ့ ပြက်လုံးတွေထုတ်ခဲ့တဲ့
ပြည်သူ့အချစ်တော် ဇာဂနာလည်းပဲ
မှန်ကန်လို့ကွဲခဲ့ရကာ
ထောင်နန်းအကြိမ်ကြိမ်စံနေရပေါ့
သေချာတာတခုကတော့
သူတို့တတွေဟာအများအကျိုးဆောင်ကာ
ပြည်သူ့ဖက်ကရပ်တည်နေကြလို့
သူတို့တတွေဟာ
တလမ်းသွားအထီးကျန်တွေမဟုတ်ကြဘူ့း့  ။
           ဇာနည်မောင်

Thursday, January 28, 2010

ဘုရားရိုက်မည့် နွားငမိုက်များသို့ …

 

အမှန်အကန်
အဖန်ဖန် သစ္စာရှိကြဖို့
သံဃံ သရဏံ ဂစ္ဆာမိကြပါတော့
အနှစ်ဗလာ အခါခါ မိုက်ကြဆဲဟာမို့
ပလာတာ မကြိုက်တဲ့
နွားငမိုက်တွေမှာတော့
ဘုရားရိုက်တာသာ ခံကြပေရော့လို့
မလျော့မပို
အသော့ ဆိုလိုက်ပါရဲ့။ ။
        ဇာဂနာ

့ “ ဆုံးဖြတ်ချက် ”့ 




အညှာအတာကင်းမဲ့ကာ့ 
အတ္တကြီးလွန်းတဲ့လူတစုရဲ့
လိမ်ညာလှည့်ဖြားအုပ်ချုပ်မှုအောက်မှာ
လွတ်လပ်မှုအတွက်ခေါင်းထောင်သူအတွက်
ဒဏ်ရာတွေဗရပွရကာ
အမြဲတမ်းပဲအချိုးနှိမ်ခံနေရ
တချို့နေရာတွေမှာ မျှတမှုမရှိတဲလောက့  ။
ကံဆိုတာက လူလုပ်သမျှဆိုတော့ 
ကိုယ့်ဘ၀၊ကိုယ့်ကံနဲ့
ကိုယ့်အနာဂတ်တခုကို
လက်တွေကျတဲ့လုပ်ရပ်တွေနဲ့ဖန်တီးဖို့
ဦးနှောက်ကိုများများသုံးလို့
လက်တွေ့လုပ်ရပ်တွေနဲ့ပေါင်းစပ်လိုက်ရင်တော့
လိုချင်တဲ့ကံတချို့ကိုဖန်တီးဖို့
သိပ်ကိုဖြစ်နိုင်သပေါ့  ။
ကြောက်တတ်တယ်ဆိုတာတခါတလေအကျင့်လည်းဖြစ်တတ်လို့ 
အကြောက်တရားတွေအကျင့်လိုပါမသွားအောင်တော့
ကိုယ်ပိုင်အသိနဲ့ပဲရဲဆေးတင်ရမပေါ့
ရောက်ချင်တဲ့ပန်းတိုင်ဆိုတာမျိုးက
တခါတလေမှာမှုန်ဝါး
တခါတလေမှာလည်းအထင်းသားပေါ်နေတော့
မသိရင်မေး၊မစင်ရင်ဆေးကာ
ခရီးရောက်အောင်တော့ဆက်သွားရမပေါ့  ။

      ဇာနည်မောင်

Sunday, January 24, 2010

“ ကျုပ်အသိ ”

     

အမိမြန်မာပြည်မှာ့ 
မိစ္ဆာစစ်ဘီလူးတွေကြီးစိုးကာ
ကိုယ့်ပြည်သူတွေကို ပြန်နှိပ်စက်နေသေးသမျှတော့
စစ်အာဏာရှင်အမြစ်ပြုတ်ဖို့
ကျရာအခန်းကပါဝင်တော်လှန်နေမယ့်
ကျုပ်ဟာ့  တော်လှန်ရေးသမားတယောက်ပဲ
ယုံကြည်ထားတယ် ဟေ့ 
အောင်ပွဲဆိုတာက တိုက်ရဲသူတွေအတွက်ပဲ့  ။

     ဇာနည်မောင်

ကောသလမင်း အိပ်မက် ၁၆ ချက်

[အိပ်မက်မှာ အိပ်မက် အကြောင်း မသိသေးသူများ၊ သေချာ မသိသေး သူများ၊ သိသလို မသိသလို ဖြစ်နေသူများအတွက် ဖြစ်ပါတယ်။ ပတ်ဝန်းကျင်မှာ ဖြစ်နေတာတွေနဲ့ နှိုင်းယှဉ် ကြည့်ပြီး စဉ်းစားစရာ လေးတွေပေါ့။]
မိဘုရားကြီး တိုက်တွန်းချက်အရ ကောသလမင်းကြီး သွားရောက် လျှောက်ထား၍ မြတ်စွာဘုရားသည် အစဉ်အတိုင်း ဖြေကြား နှစ်သိမ့်တော်မူ၏။
(၁) အရပ်လေးမျက်နှာမှ လေးခုသော နွားလား ဥသဘတို့သည် လာလတ်၍ မင်းရင်ပြင်၌ ဝှေ့မည်ဟု တွန်မြည် ကြုံးဝါးလျက် မဝှေ့ပဲသာလျှင် ဖဲလေကုန်သည်ဟု မြင်မက်ပါသည်။
နောင်အခါ တရားမစောင့်သော မင်းတို့ လက်ထက်၌ အရပ်လေးမျက်နှာမှ မိုးတို့သည် ရွာအံသကဲ့သို့ ထစ်ကြိုးလျက် မရွာပဲသာလျှင် ပျောက်ပျက် ကုန်လတ္တံ့။ ထိုအခါ ကောက်ပဲသီးနှံတို့ ပျက်ဆီး၍ လူတို့၌ အစာရေစာ ရှားပါး ငတ်မွတ်ခြင်း ဖြစ်လတ္တံ့။
(၂) နုနယ်သေးငယ်စွာသော အပင်တို့သည် ပွင့်ကြ သီးကြသည်ကို မြင်မက်ပါသည်။
နောင်အခါ ဆုတ်ယုတ်သောကာလ လူတို့ အသက်တန်း တိုသော ကာလ၌ ယောင်္ကျား မိန်းမတို့သည် ထက်သန် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ငယ်ရွယ်စဉ် အခါ၌ပင် အိမ်ထောင်ပြုခြင်း၊ သားမွေးခြင်း တို့ကို ပြုကုန်လတ္တံ့။
(၃) နွားမကြီးတို့သည် မိမိတို့ မွေးစဖြစ်သော နွားမငယ်တို့၏ နို့ကို စို့သည်ဟု မြင်မက်ပါသည်။
နောင်အခါ ကြီးသောသူတို့အား အရိုအသေပြုခြင်း ပျောက်ကွယ်သော ကာလ၌ အမိအဖ၊ ယောက္ခမ စသူတို့သည် ကိုးကွယ်ရာ မရှိကုန်သည် ဖြစ်သဖြင့် မိမိတို့၏ သားသမီး သားမက် ချွေးမ စသူတို့ထံ၌ ကပ်ရပ်၍ ငြိုငြင် ညှိုးငယ်စွာ အသက်မွေးရကုန်လတ္တံ့။
(၄) လှည်းတို့၌ ဝန်ကို ဆောင်နိုင်သော နွားကြီးတို့ကို မကမူ၍ နွားငယ်တို့ကိုသာ ကစေကုန်၏။ နွားငယ်တို့လည်း ဝန်ကို မနိုင်၍ လှည်းတို့ကိုလည်း ဆွဲခြင်းငှာ မတတ်နိုင်သည်ကို မြင်မက်ပါသည်။
နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အသက်ကြီး ဝါကြီး ပညာရှိကုန်သော သူတို့အား အမတ်၊ တရားသူကြီး စသော ရာထူးစည်းစိမ်တို့၌ မခန့်ထားမူ၍ အသက်၊ ဝါ၊ ပညာ ငယ်ကုန်သော လူငယ်တို့အားသာ ခန့်ထားကြလတ္တံ့။ ထိုအခါ အခွင့်အရေးမသိ၊ မတော် မမှန်ဖြစ်၍ အမှု မပြီး၊ အကျိုးမပြီး ရှိသောအခါ လူငယ်တို့သည် မိမိတို့၏ ရာထူး စည်းစိမ်ကို စွန့်ကြလတ္တံ့။ လူကြီးတို့သည်လည်း ငါတို့မှာ ပြင်ပကသာ ဖြစ်၏ဟု လျစ်လျှုပြု၍ နေကြလကုန်လတ္တံ့။ သို့ဖြစ်၍ တရားမစောင့် အမှုမပြီးကြသည်နှင့် မင်းနှင့်တကွ တိုင်းပြည်ပါ ဆုတ်ယုတ် ပျက်ဆီးကြလတ္တံ့။
(၅) ခံတွင်း နှစ်ခုရှိသော မြင်းသည် ကျွေးလာသော မုယောစပါး စသည်တို့ကို ခံတွင်းနှစ်ခုဖြင့်ပင် စားသည်ဟု မြင်မက်ပါသည်။
နောင် တရားမစောင့်သော မင်းတို့လက်ထက်၌ တရားမစောင့်သော တရားသူကြီးတို့သည် နှစ်ဖက်သော အမှုသည်တို့မှ ပေးသော တံစိုးလက်ဆောင်တို့ကို စား၍ အမှုတို့ကို မမှန်မကန် ဆုံးဖြတ်ကြကုန်လတ္တံ့။
(၆) အဖိုးတသိန်း ထိုက်သော ရွှေခွက်ကို မြေခွေးဖိုအား ကျင်ငယ်စွန့်ရန် ပေး၏။ မြေခွေးလည်း ထိုရွှေခွက်၌ ကျင်ငယ်စွန့်သည်ဟု မြင်မက်ပါသည်။
နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အမျိုးမြတ်သော သူတို့သည် အချီးအမြှောက် မခံရ၊ ဆင်းရဲကြ၍ အမျိုးယုတ်သော သူတို့ အစိုးတရ ကြွယ်ဝ ချမ်းသာကြလတ္တံ့။ ထိုအခါ အမျိုးမြတ်တို့ အသက် မွေးခြင်းငှာ မတတ်နိုင်ကုန်သည် ဖြစ်၍ မိမိတို့ သမီးတို့ကို အမျိုးယုတ်တို့အား ပေး၍ အသက်မွေး ကြကုန်လတ္တံ့။
(၇) တယောက်သော ယောင်္ကျားသည် အင်းပျဉ်၌ ထိုင်လျက် လွန်ကို ကျစ်၍ ခြေရင်း၌ ထား၏။ ထို အင်းပျဉ်အောက်၌ရှိသော ဆာလောင်သော မြေခွေးမသည် ထိုယောင်္ကျား မသိစဉ်လျှင် ထိုလွန်ကို စား၏ ဟု မြင်မက်ပါသည်။
နောင်အခါ မိန်းမတို့သည် အစားအသောက်၊ အဝတ်၊ အနေအထိုင် စသည်တို့၌ လော်လည်ခြင်း ရှိ၍ မိမိတို့ လင်ယောင်္ကျားသည် ဆင်းရဲငြိုငြင်စွာ ရှာဖွေ စုဆောင်းအပ်သော ဥစ္စာ ပစ္စည်းတို့ကို အဝတ်အစား၊ အစားအသောက် တို့၌ လည်းကောင်း၊ သောက်စား ကစားခြင်းတို့၌ လည်းကောင်း၊ အပျော်အပါးတို့၌ လည်းကောင်း၊ သဘောက် လင်ငယ်ထားခြင်း တို့၌ လည်းကောင်း အရမ်းမဲ့လျှင် ဖြုန်းတီးလေလတ္တံ့။ ခွေးမသည် မသိ စဉ်းစား သကဲ့သို့ အိမ်သူ မိန်းမတို့သည် ဤသို့ တိတ်တဆိတ် ဖြုန်းတီး ခိုးစားကြလတ္တံ့။
(၈) ရေမရှိသော အိုးတို့ဖြင့် ခြံရံအပ်သော ရေပြည့်အိုးကြီး တလုံးကို မြင်ရ၏။ လူတို့သည် အရပ် ၈ မျက်နှာမှ ရေကို ယူလာကြ၍ ထိုရေပြည့်အိုးကြီး အတွင်းသို့သာလျှင် လောင်းထည့် ကြ၏။ လောင်းထည့်သော ရေတို့သည် ပြည့်လျှံ၍ ကျကုန်၏။ ဤသို့လျှင် အဖန် တလဲလဲ ရေပြည့်အိုးသို့သာ လောင်းလျှက် ရေမရှိသော အခြံအရံ အိုးတို့ အတွင်းသို့ကား မည်သူမျှ မလောင်း မထည့်ပဲ နေသည်ကို မြင်မက်ပါသည်။
နောင်အခါ မကောင်းသော မင်းတို့ လက်ထက်၌ မင်းနှင့်တကွ လူတို့ တရားပျက်ကွက်၊ သြဇာညံ့ဖျင်း၊ ဆင်းရဲခြင်းသို့ ရောက်ကြကုန်လတ္တံ့။ ထိုအခါ မင်းအစိုးရတို့သည် ဆင်းရဲသားတို့အား မင်း၏ အကျိုးစီးပွား အတွက်ကိုသာ လုပ်ကိုင်စေအံ။ ဆောင်ရွက် စေအံ။ ထမ်းရွက်စေအံ။ သို့ဖြစ်ရကား မင်းတို့၌သာ ပြည့်စုံ အကျိုးခံစားကြရ၍ ဆင်းရဲသားတို့မှာ ရေမရှိသော အိုးတို့ပမာ တစုံတရာ မရှိ ငတ်မွတ် ခေါင်းပါးခြင်းသို့ ရောက်ကုန်လတ္တံ့။
(၉) နက်ရှိုင်း ကျယ်ဝန်းသော ရေကန်ကြီး တခုတွင် သတ္တဝါတို့ ဆင်း၍ ရေသောက်ကြ၏။ ကန်၏ အလယ် ရေနက်ရာ၌ ရေသည် နောက်၍ ကန်နားဝန်းကျင် ရေတိမ်ရာ သတ္တဝါတို့ နင်းရာ၌ ရေသည် ကြည်လင်၏ဟု မြင်မက်ပါသည်။
နောင်အခါ တရားမစောင့်သော မင်းတို့သည် မတရား အုပ်စိုးခြင်း၊ တံစိုးစားခြင်း၊ လော်လည်ခြင်း၊ သနားညှာတာ ဂရုဏာ မဲ့ခြင်း၊ ကြမ်းကြုတ် ရက်စက်ခြင်းတို့ ရှိလျှက် လူတို့အပေါ်၌ အထူးထူး အပြားပြားသော အချင်းအရာဖြင့် အခွန်အတုတ်တို့ကို ခွဲခန့် ကောက်ယူလတ္တံ့။ ထိုအခါ လူတို့မှာ တစ်စုံတစ်ရာ မပေးဆောင်နိုင် ပင်ပန်းဆင်းရဲလျက် မြို့ကြီးရပ်ကြီးတို့၌ မနေနိုင်ပဲ ရပ်စွန် ပြည်နားသို့ သွားရောက်နေကြရသည် ဖြစ်လတ္တံ့။ ကန်အလယ်တွင်နောက်၍ ကန်ဘေးတွင် ကြည်သကဲ့သို့ မြို့လယ်ရွာလယ်၌ တိတ်ဆိတ်၍ ရပ်စွန်ပြည်နား၌ လူစည်ကားလတ္တံ့။
(၁၀) တစ်လုံးတည်းသော အိုးဖြင့် တချိန်တည်းချက်သော ထမင်းသည် အချို့ပျော့၏၊ အချို့ မနပ်၊ အချို့နပ်၏။ ဤသို့ မြင်မက်ပါသည်။
နောင် တရား မစောင့်သော မင်းတို့ လက်ထက်၌ မိုးကွက်ကြား ရွာလတ္တံ့။ ထိုအခါ အချို့နေရာ၌ မိုးရွာလွန်း၍ ကောက်ပဲသီးနှံ ပျက်အံ။ အချို့နေရာ၌ မရွာ၍ ပျက်အံ။ အချို့နေရာ တွင်ကား မိုးမှန်၍ ကောင်းအံ။ ဤသို့လျှင် ထမင်းအိုးတွင် မြင်သော ထမင်းကဲ့သို့ ကောက်ပဲသီးနှံ သုံးထွေ ပြားလတ္တံ့။
(၁၁) အဖိုးတသိန်းထက်သော စန္ဒကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစားသည်ကို မြင်မက်ပါသည်။
နောင်အခါ ငါဘုရား၏ သာသနာတော် ဆုတ်ယုတ်သော ကာလတွင် လော်လည်၍ လာဘ်လာဘကို မက်မော ကုန်သော ရဟန်းအလဇ္ဇီ လူအလဇ္ဇီတို့သည် ဆွမ်း၊ ဆေး၊ ကျောင်း၊ သင်္ကန်း ဥစ္စာပစ္စည်း စသည် တို့ကို အလိုရှိကုန်သည် ဖြစ်၍ လမ်းခရီးဆုံ၊ အိမ်ဝ၊ အိမ်ကြို အိမ်ကြားတို့၌ ငါဘုရား၏ တရားတော်ကို ဟောကြားလတ္တံ့။ နိဗ္ဗာန် အလို့ငှာ ဟောတော် မူအပ်သော အလွန် မွန်မြတ်သော တရားတော်ကို တစ်ပဲ၊ တစ်မူး၊ တစ်ကျပ် စသည်တို့ အကျိုးငှာ ရောင်းစား ဟောပြော ကြသည် ဖြစ်၍ တသိန်းထိုက်သော စန္ဒာကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစား သကဲ့သို့ ဖြစ်ကုန်လတ္တံ့။
(၁၂) ဘူးတောင်းတို့သည် ရေ၌ နစ်သည်ဟု မြင်မက်ပါသည်။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ကိုသာ ရာထူး စည်းစိမ် ပေးသည် ဖြစ်၍ အမျိုးယုတ်တို့ တန်ခိုး အာဏာ ကြီးမား ထင်ပေါ် အရာရာတွင် တွင်ကျယ်လျက် ၄င်းတို့ စကားသာလျှင် ဘုးတောင်း နစ်သကဲသို့ နစ်၍ တည်ကုန်လတ္တံ့။
(၁၃) ကျောက်ဖျာကြီး ရေတွင်ပေါ်သည်ဟု မြင်မက်ပါသည်။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ တော်မှန် လိမ္မာ ပညာရှိသော သူတို့၏ စကားသည် မည်သည့် အရာ၌ မဆို လေးသော ကျောက်ဖျာ ရေတွင် ပေါ်သကဲ့သို့ နစ်တည် ခြင်းမရှိ၊ မခိုင်မမြဲ ရှိကြကုန် လတ္တံ့။
(၁၄) ဖားငယ်မ တို့သည် ကြီးစွာသော မြွေဟောက်ကြီးများကို စားမြိုသည်ဟု မြင်မက်ပါသည်။
နောင်အခါ လူတို့သည် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ကိလေသာ အလိုသို့ လိုက်လျက် ငယ်ရွယ်ကုန်သော မယားတို့၏ အလိုသို့ လုံးဝ လိုက်ကြကုန် လတ္တံ့။ အလုပ်အကိုင်မှု၊ ဥစ္စာ ပစ္စည်းမှု၊ ကျေးကျွန်မှု၊ စီမံခန့်ခွဲမှု စသော အရပ်ရပ်တို့၌ လင်ပေါ်တွင် လွှမ်းမိုး အုပ်စိုးခြင်းကို ပြုကြမည် ဖြစ်ရကား ဖားငယ်မသည် အဆိပ်လျင်သော မြွေကို စားမျိုသကဲ့သို့ ဖြစ်ကုန်လတ္တံ့။
(၁၅) မည်းနက် ရုပ်သွင်၊ အဆင်း ဆိုးဝါးသော ကျီးတို့ကို ရွှေ၏ အဆင်းနှင့် တူသော ရွှေဟင်္သာ တို့က ခြံရံ နေကြသည်ကို မြင်မက်ပါသည်။
နောင်အခါ အားနည်းသော မင်းတို့ လက်ထက်၌ ထိုမင်းတို့သည် ဆင်စီး မြင်းစီး စသော အတတ်တို့၌ မလိမ္မာ၍ စစ်ထိုးခြင်း၌ မရဲရင့်ဘဲ ဖြစ်ကြကုန်လတ္တံ့။ ထိုအခါ တိုင်းပြည် နိုင်ငံ ဆုံးရှုံးမည်ကို စိုး၍ တူသော ဇာတ်ရှိသော သူကောင်းသား တို့အား အစိုးရခြင်းကို မပေးမူ၍ မိမိတို့ထံ၌ ခစား ကြကုန်သော အမျိုး ယုတ်သော ကျေးကျွန်တို့အားသာ ပေးကုန်လတ္တံ့။ သို့ဖြစ်၍ အမျိုးကောင်းသားတို့ ကိုးကွယ်ရာ မရှိပဲ အစိုးရခြင်း၌ တည်ကုန်သော အမျိုးယုတ်တို့ထံ၌ ခစားကြကုန် လတ္တံ့။
(၁၆) ဆိတ်တို့သည် သစ်ကို သတ်စားကြသဖြင့် သစ်တို့သည် ကြောက်လန့်လျက် ဆိတ်တို့ကို အဝေးမှ မြင်လျှင်ပင် တောချုံရှိရာသို့ ပြေးကြသည်ကို မြင်မက်ပါသည်။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ အစိုးရ ကုန်သည် ဖြစ်၍ အမျိုးမြတ်သူတို့ မထင်ရှား ဖြစ်လတ္တံ့။ အမျိုးယုတ် သူတို့မှာ မင်းကျွမ်းဝင်သည် ဖြစ်၍ တရားရုံးတို့၌ သြဇာအာဏာ လွှမ်းမိုးလျက် အမျိုးမြတ်သူတို့၏ ဘိုးဘပိုင် လယ်မြေ ဥစ္စာ အရပ်ရပ်တို့ကို ငါတို့ လယ်မြေဥစ္စာ ဖြစ်သည်ဟု သိမ်းယူကြ၍ တရားတဘောင် ဖြစ်လျှင် တန်ခိုးမဲ့သူတို့အား ဖိနှိပ်ပုတ်ခတ် ခြိမ်းခြောက် နှင်ထုတ်လျက် အနိုင်ကျင့် ကြကုန်လတ္တံ့။ ထိုအခါ အမျိုးမြတ်သူတို့ ကြောက်လန့် စက်ဆုတ်ကုန်သည် ဖြစ်၍ လယ်ယာ ဥစ္စာတို့ကို ပေးအပ်ကုန်လျက် အိမ်သို့ပြန်၍ အိပ်နေကြကုန်အံ။ ထိုမှ တပါးလည်း အကျင့်သီလရှိသော ရဟန်းတို့သည် အကျင့်သီလမဲ့သော ရဟန်းတို့က ချုပ်ချယ် ဖိနှိပ်ကြလေသဖြင့် တောသို့ ပြေးဝင် ပုန်းအောင်း ကြကုန်လတ္တံ့။ ဤသို့လျှင် အမျိုးကောင်း၊ သူတော်ကောင်း တို့လည်း လွတ်ရာ ကျွတ်ရာ တောတောတောင်တောင် တို့ကို ပြေးပုန်း ကြကုန်လတ္တံ့။

Thursday, January 21, 2010

“ ရပ့့်  ကြည့့်  သွား ”



  
အခြေအနေအရ မျိုသိပ်ထားရပေမယ့််
တိုက်ဆိုင်မှုတွေရှိလာတဲ့အခါမှာ
ပွင့်အန်ထွက်ကျလာတတ်တာဟာ
လောကီသားတွေရဲ့
သဘာဝတခုဆိုတာ ငြင်းလို့မရပါ့  ။
လူ့ဘောင်ကောင်းကျိုးကို
တတ်စွမ်းသလောက်သယ်ပိုးချင်ပေမယ့်
သာမန်အညတရ လူသားတယောက်ရဲ့
အတွေးအခေါ်အသိအမြင်တွေကို
လောကီသားတွေက
ဥပေက္ခာပြုထားကြလေမလား
ပညာရှိတွေကြားမှာ
မျက်နှာငယ်လှပေမယ့်
ခရီးဆုံးထိရောက်အောင်တော့
ရပ့့်  ကြည့့်  သွား ဆိုတဲ့
ကိုယ်ပိုင်အသိတရားနဲ့ယှဉ်လို့
ပန်းတိုင်ရောက်အောင်သွားရမှာပဲ့  ။
အပြောင်းအလဲများတဲ့လောက
အရာဝတ္တုတိုင်းမှာ
အားကောင်းချက်နဲ့ အားနည်းချက်ဆိုပြီး
ဘက်နှစ်ဖက်စီရှိကြလို့
ရေရှည်အမြဲအေးဆေးတည်ငြိမ်တဲ့ ခရီးပန်းတိုင်ရောက်ဖို့
ရပ့့်  ကြည့့်  သွား ဆိုတဲ့
ကိုယ်ပိုင်အသိတရားနဲ့
ခရီးဆုံးထိရောက်အောင်သွားကြစို့  ။
ကျွန်ုပ်တို့နေထိုင်တဲ့ ဟောဒီလောကကြီးထဲမှာတော့
အတ္တကြီးလွန်းကြတဲ့ မသမာသူတချို့နဲ့
တချို့  တချို့သောသူတွေက
မာယာပရိယာယ်တွေများကာ
မသမာတဲ့မလိမ့်တပတ်ဥာဏ်တွေကိုသုံးလို့
သူတို့အမြဲနိုင်အောင်ခရီးဆက်နေတော့
အနိုင်ယူခြင်းနဲ့ရှုံးနေကြသူတွေကို
အရှုံးဖက်ကချည်းပဲ အမြဲမဖြစ်နေရအောင်
ရပ့့်  ကြည့့်  သွား နည်းကိုသုံးကာ
လမ်းတွေဆုံးအောင်ခရီးဆက်ရမှာပဲ့  ။
အခုတလောကြားထားတဲ့သတင်းတခုက
ဗိုလ်ချုပ်မှုးကြီးရဲ့ကတော်
ဒေါ်ကြိုင်ကြိုင်ရဲ့ ယတြာဗေဒင်အရ
၁၀.၁၀.၁၀ ရက်နေ့မှာ
သန်းရွှေနဲ့မောင်အေး သူတို့မျက်နှာတွေပြကာ
အကြောက်တရားတွေနဲ့ရေးစေခဲ့တဲ့
၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ
အမြဲတမ်းစစ်ကျွန်ဖြစ်စေရေးလမ်းစဉ်အတိုင်း
ရွေးကောက်ပွဲတခုကို ကျင်းပတော့မယ်ဆိုတော့
လွတ်လပ်မှုကိုလိုလားကြတဲ့လူသားတို့
စစ်ကျွန်အမြဲမဖြစ်စေဖို့အတွက်
ရပ့့်  ကြည့့်  သွား နည်းကိုသုံးကာ
မဲသွားမပေးပဲ ဥပေက္ခာပြုထားလိုက်ကြရင်
စစ်အစိုးရလုပ်ရပ်ဟာ
သူတို့ထင်သလောက်ခရီးမပေါက်တော့
ရွှေမြန်မာပြည်သူတွေရဲ့
မျှတစွာနဲ့အနိုင်ရလိုက်တဲ့
အောင်ပွဲလေးတခုဖြစ်လာမှာပေါ့ 

                  ဇာနည်မောင်

                       ဇန်န၀ါရီ ၂၀၁၀

Wednesday, January 20, 2010

“ ရောသမမွှေသီချင်းဆိုမယ် ”


လူ့ဘ၀ဇတ်ခုံပေါ်မှာ့ 
တောနဲ့မြို့နဲ့ကမတူကာ
မြေလတ်ကပါတမူကွဲပြားနေပြန်တော့
အများတကာနားလည်ပြီး
ဆိုတတ်တဲ့နေရာလိုက်ဆိုလို့ရအောင်
ကျုပ့့်  ရောသမမွှေသီချင်းပဲဆိုတော့မယ့့်  ။

  ဇာနည်မောင်

Tuesday, December 29, 2009

◊◊◊ ကျုပ်အသိတရား ◊◊◊

  
ချင်းစကားပုံတခုနဲ့နိုင်းပြရမယ်ဆိုရင့့် 
ကျနော်တို့မြန်မာပြည်ဟာ
“ သစ်ပင်ကြီးတပင်ကွယ်နေလို့
ရှေ့ကတောအုပ်ကြီးတခုလုံးကိုမမြင်ရဘူး ”
ဆိုသလိုမျိုးဖြစ်နေတာပဲ့  ။
စစ်အာဏာရှင်တွေရဲ့ 
အလိုရမ္မက်ကြီးမားစွာနဲ့
ရက်စက်စွာဖိနှိပ်ပိတ်ပင်မှုတွေအောက်မှာ
သယံဇာတပေါကြွယ်ဝတဲ့
ရွှေမြန်မာပြည်ဟာ လုံးပါး ပါးလာပြီး
အဲ့ဒီနောက်ဆက်တွဲတွေနောက်မှာ
ပြည်သူတွေလည်း အူမမတောင့်ကြလို့
အဂတိလိုက်စားမှုတွေ တဖြေးဖြေးများပြားလာရ
အဲ့ဒီဖြစ်ရပ်တွေရဲ့အဓိက တရားခံဟာ
စစ်အာဏာရှင် စနစ်ဆိုးပဲ့  ။
နိုင်ငံရေးဟာပရိယာယ်များတယ့့် 
အဲ့ဒီအရေးကိုဥာဏ်မမှီတဲ့ကျနော်
ဒါပေမယ့့် 
မျက်စိနားတွေကိုအမြံဖွင့်ထားတဲ့ကျနော်က
“ ပြည်သူလူထုရဲ့ဆန္ဒတွေကို ရေရှည်တားဆီးထားနိုင်တဲ့
ဘယ်ဖောက်ပြန်တဲ့ အစိုးရမှ
ကမ္ဘာပေါ်မှာမရှိသေးဘူး ” ဆိုတာကိုသိတယ့့်  ။
တိုင်းပြည်တခုသာယာဖို့အရေးက့ 
ပြည်တော်ကိုအုပ်ချုပ်တဲ့ခေါင်းဆောင်တွေနဲ့
တိုင်းသူပြည်သားတွေက အဓိကဖြစ်နေလို့
အစိုးရတရပ် ထုတ်ပြန်ကြေငြာချက်နောက်ကွယ်က
အကျိုးစီးပွားတွေကိုလည်း
တိုင်းသူပြည်သားတွေအားလုံးပဲ
အနည်းနဲ့အများဆိုသလို
သိထားနားလည်သင့်တယ်
အဲ့ဒီလိုသိထား နားလည်ထားမှ
ကျနော်တို့တတွေဟာ
အနည်းနဲ့အများဆိုသလိုသတ္တိတွေမွေးကြပါလို့
ပြည်သူ့အင်အားနဲ့ဆိုးညစ်တဲ့ အစိုးရကို
ပြောင်းလဲပြစ်နိုင်မှာဖြစ်တယ့့်  ။
နိုင်ငံရေးလမ်းပြမြေပုံ ၇ ချက်နဲ့ 
စစ်အာဏာရှင်တွေစိတ်ကြိုက်ရေးဆွဲထားတဲ့
၂၀၀၈ ညောင်နှစ်ပင်ဖွဲ့စည်းအုပ်ချုပ်ပုံက
စစ်ခေါင်းဆောင်တွေအပြစ်တွေကိုဖုန်းကွယ်ပြီး
သူတို့နောင်ရေးထာဝရအေးရအောင်
ရေးဆွဲထားတဲ့အခြေခံဖွဲစည်းအုပ်ချုပ်ပုံဥပဒေဖြစ်လို့
ကျနော်တို့ပြည်သူတွေ
သားစဉ်မြေးဆက်အဖိနှိပ်ခံတွေမဖြစ်စေချင်ရင်တော့
ကိုယ်ပိုင်အသိတရားနဲ့သတ္တိတွေမွေးကာ
ပြည်သူ့အင်အားနဲ့ စစ်အာဏာရှင်စနစ်ကိုတော်လှန်ပြစ်ရမှာပဲ့  ။
အဲ့ဒီလိုတော်လှန်ကြဖို့ဆို့ 
ပျားအုံကိုထိရင်
ပျားတွေအားလုံးပဲ
ဆူပူအုံကြွရဲဖို့တော့လိုရဲ့
အဖိနှိပ်ခံတွေရုန်းထတဲ့ပွဲ
ပျားအုံတုတ်ထိုးခံရသလိုဆူပူကြရင်
အဆိပ်တွေနဲ့ပေမို့
ရန်သူပြေးပေါက်ပိတ်ကာအညံ့ခံရမှာမလွဲ့  ။
တကယ်ဆိုရင်ကျနော်ဟာ့ 
ဆိုးညစ်ယုတ်မာရက်စက်တဲ့စစ်အာဏာရှင်တွေကို
ကျရာအခန်းကတော်လှန်တိုက်ပွဲဝင်ရင်း
တိုင်းတပါးကိုရောက်မှဒီအသိတရားကိုသိလာကာ
အဲ့ဒီမကြောက်တရားအကြောင်း
ပြောသင့်မပြောသင့်အကြိမ်ကြိမ်စဉ်းစားနေရင်း
ရာသက်ပန်စစ်ကျွန်ဖြစ်မယ့်
နှစ်ထောင့်တဆယ်ရွေးကောက်ပွဲနားကပ်မှပြောမိလို့
အမှားတချို့ရှိခဲ့ရင်တော့ခွင့်လွှတ်ပါဗျို့  ။
အခွင့်အခါပေးခဲ့ရင်ပေါ့ 
စစ်အာဏာရှင်စနစ်ဆိုးကို
အမြစ်လှန်ကာပြတိုက်ထဲ့ကိုပို့ပြစ်မယ့်
တော်လှန်ရေးလုပ်ငန်းတွေကို
ကျရာအခန်းကနေတတ်စွမ်းသမျှဆောင်ရွက်ဖို့
အပြေးကလေးပြန်လာခဲ့မည်
ချစ်တဲ့အမိမြေဆီ့  ။

* ဒီမိုကရေစီရေးမုချအောင်ရမည် *

ဇာနည်မောင်

၂၉.၁၂.၂၀၀၉ ( အင်္ဂါနေ့ )

Friday, December 25, 2009

“ အားလုံးရဲ့ကိုယ်စား ”




အေးချမ်းလှတဲ့ 
ဒီဇင်ဘာလရဲ့ နောက်ဆုံးအပတ်ထဲမှာ
ထာဝရဘုရားသခင်ရဲ့
သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးနဲ့ သန္ဓေရခဲ့တဲ့
တဦးတည်းသောသားတော်
ယေရှုခရစ်တော်ကို မွေးဖွားခဲ့တယ့့်  ။
ဧဒင် ဥယျာဉ်ကြီးထဲမှာပေါ့ 
မစားရလို့ ဘုရားတာမြစ်ထားတဲ့အပင်ကအသီးကို
စာတန်နတ်ဆိုးရဲ့မာယာစကား ဧ၀ယုံစားကာ
အဲ့ဒီပန်းသီးကို အာဒံကိုကျွေးခဲ့လို့
ထာဝရအသက်တွေ ဆုံးရှုံးခဲ့ရပေါ့  ။
မေတ္တာတော်ကြီးမားတဲ့ထာဝရဘုရာ့း့ 
အပြစ်ရှိလိုလူဖြစ်လာကြတဲ့
လောကသားတွေကို ဥပေက္ခာပြုမထားနိုင်လို့
အားလုံးရဲ့ကိုယ်စားပေးဆပ်ဖို့
သားတော်ယေရှုကို သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးနဲ့
မာရိရဲ့ဝမ်းမှာ သန္ဓေတည်စေကာ
ဒီကမ္ဘာမြေပေါ် လွှတ်ချခဲ့ပေါ့  ။
ခရစ်တော် ယေရှုကလည်းပဲ့ 
လောကသားတွေအားလုံး ထာဝရအသက်တွေပြန်ရဖို့
အားလုံးရဲ့ကိုယ်စား
လက်ဝါးကပ်တိုင်မှာ သံမှိုနှက်ခံကာ
မေတ္တာတရားကြီးမားစွာ အသေခံပြခဲ့ပေါ့  ။

ဇာနည်မောင်
၂၅.၁၂.၂၀၀၉ ( သောကြာနေ့ )

Thursday, December 3, 2009

“ ပြန်ဆုံမယ်အဖေ ”

    
တကိုယ်ရည်နေ့တွေက့ 
အထီးကျန်ဆန်လွန်းလှတယ် အမေရယ်
အမြင်မတူကြလို့ ပြန်မပြောတတ်ရင်
ပြန်မပြောနားမထောင် လုပ်တတ်တဲ့သား
အကြီးအငယ်၊အလယ်အလတ်မရွေး
သားဘ၀မှာဆရာကောင်း တချို့တွေ့ခဲ့ရလို့
အခုအချိန်မှာတော့
တည်ငြိမ်မှုတခုရနေပြီ အမေ့  ။
သားဘ၀မှာအမေနဲ့ပြန်ဆုံဖို့ကြိုးစားရင့်း့ 
ကြိုးစားရင်းနဲ့ပဲ
သားပြန်အလာကိုမစောင့်နိုင်တော့တဲ့ အမေ
သားငယ်ကြောင့် ငိုခဲ့ရတာတွေရှိရင်
အမေရေ ကောင်းရာဘုံဘ၀ကနေ
သားကိုခွင့်လွှတ်ပါ့  ။
မဖြောင့်ဖြူးတဲ့ဘ၀လမ်းမှာ့ 
ယုံကြည်ချက်တခုကို
စွဲမြဲစွာဆုပ်ကိုင်ကာ
အစွန်းနှစ်ဖက်ကိုမရောက်စေဖို့
အမေငယ်ငယ်ကပြောသလိုမျိုး
နဖူးပေါ်လက်တင်ပြီး
သေသေချာချာသားစဉ်းစားခဲ့တယ့့်  ။
စနစ်ဆိုးအောက်မှာမွေးဖွားလာခဲ့တဲ့သာ့း့ 
အမေ့အိမ်ကိုစွန့်ခွါလာခဲ့ရကာ
ခက်ခဲကြမ်းတမ်းတဲ့
ဘ၀တိုက်ပွဲတွေကိုဝင်ရတော့မှ
အမေပြောခဲ့တဲ့စကားတွေက
မြေကြီးလက်ခတ်မလွဲ
မှန်နေတာကိုသားသိခဲ့ရတယ့့်  ။
အရှုံးမပေးပါဘူး အမေ့ 
သားကအမှန်တရားအတွက်ဆိုရင်
ခေါင်းမာတတ်တာကို အမေအသိဆုံးပါ
တရားဓမ္မနဲ့ပျော်မွေ့နေတဲ့ အဖေ
သားမိုက်လေးလို့ ချစ်စနိုးခေါ်ခဲ့ပေမယ့်
သားငယ်မမှားတာကို
အဖေကောင်းကောင်းသိခဲ့ပါတယ့့်  ။
အဖေပြောခဲ့သလိုပဲ့ 
ရှေးဘ၀၀ဋ်ကြွေးတွေကြောင့်
သားတို့ခွဲနေကြရပေမယ့်
တော်ရာအရပ်မှာပျော်အောင်နေရင်း
အဖေရေ
ဂန္တ၀င်မြောက်စွာနဲ့
အိမ်ကိုပြန်ဝင်လာနိုင်အောင်
နည်းလမ်းအသစ်တွေရှာကြံကာ
ပြန်ဝင်လာဖို့ကြိုးစားနေဆဲပဲ
ဖိုးသက်ရှည်သားချစ်တဲ့ အဖေ
သားတို့တတွေ ထမင်းလက်ဆုံအတူစားဖို့
အားတင်လို့စောင့်လိုက်အုံးပေါ့  ။

ဇာနည်မောင်
၃.၁၂.၂၀၀၉ ( ကြာသာပတေးနေ့ )

Thursday, October 8, 2009

“ ခရီးမှာ ”

ဘ၀တခုနဲ့မမျှ
ဒုက္ခတွေက ဗရပွ
တချို့သူတွေလည်း
အောင်မြင်ကာမော်ကြွားနိုင်ကြ
တချို့သူတွေလည်း
ရှုံးနိမ့်ကာငြိုးမှိုင်ကြ
တချို့သူတွေလည်း
ထပ်ကာထပ်ကာကြိုးစားနေကြ
တချို့သူတွေလည်း
တွေဝေနေကြ
သေချာတာတခုကတော့
ဒီခရီးမှာတွေဝေနေရင်ရှုံးမှာပဲ့  ။
အပြောင်းအလဲများတဲ့လောက
ယုံကြည်ချက်တခုကို
မယိမ်းမယိုင်ဆုပ်ကိုင်ကာ
လှေခွက်ချည်းကျန်အလံမလဲ စိတ်ဓါတ်မျိုးနဲ့
အခြေအနေအချိန်အခါအရ
ရှေ့ကိုပဲ ရဲရဲဆက်တိုးနိုင်မှ
ဒုက္ခတွေကတော့
ဘ၀တခုနဲ့မမျှ့  ။
သမိုင်းစဉ်တလျှောက်မှာတော့
ခိုင်မာတဲ့အပြုံး
တည်ကြည်တဲ့နှလုံးပိုင်ရှင်တွေက
ပြည်သူတွေဘ၀တလျှောက်လုံး
နစ်မွန်းအညွန့်ကျိုးစေမယ့်
စည်းမျဉ်းဥပဒေတွေနဲ့
ပြည်သူတွေကို အဆိပ်မခပ်ကြ့  ။
လက်ရိအချိန်နေ့တဓူဝ
ရင်ဆိုင်ကြုံတွေ့နေကြတဲ့
ပြဿနာတွေအတွက်ကိုတော့
ပြည်သူအများတကာက
ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ပဲဖြေရှင်းချင်ကြ
သို့သော့့် 
သိရက်နဲ့ဆက်မိုက်နေကြတဲ့
အာဏာရူးစစ်ခေါင်းဆောင်တစုနဲ့
မျက်ကန်းနောက်လိုက်တွေကတော့
ယာယီအခွင့်အရေးတွေအတွက်
မထိန်းနိုင်တဲ့ အတ္တတွေနဲ့
တဇောက်ကန်း ဆက်မိုက်နေကြဆဲ
တကယ်ဆိုရင်
မျက်ကန်းနောက်လိုက်တွေက
ယာယီအခွင့်အရေးအနည်းငယ်ရထားတဲ့အတွက်
သူတို့တွေဟာလည်း
အဖိအနှိပ်ခံတွေပဲဆိုတာကို
မေလျှော့နေကြလေရဲ့  ။
မိုးသံလေသံပြင်းပြင်းကြားရင်တောင်
နောက်ထပ်မုန်တိုင်းတခုများ
ထပ်ဝင်လာမလားရယ်လို့
စိုးတထိတ်ထိတ်နဲ့နေရကာ
ဘာဆိုဘာမှ ကြိုတင်သိရှိခွင့်မရတဲ့ဘဝ
နှစ်ရှည်လများ
နရသိန်စံနေရလည်း
ဘယ်နေ့ဘယ်အချိန်
လွတ်ရက်ဆိုတာအတိအကျမသိပဲ
မျက်လှည့်ဆရာလက်ထဲ
ပေါ်ဆိုရင်ပေါ် ပျောက်ဆိုရင်ပျောက်နဲ့
ပရိဿတ်ရုံစားအောင်
အလှည့်စားခံနေရတဲ့ဘ၀့  ။
ဇတ်လမ်းရဲ့အနေအထားက
စိတ်ဝင်စားစရာအလျဉ်းမရှိ
သူရဲကောင်းတွေကိုဆွဲစိထားပါလို့
ဝံပုလွေလိုအသားစားကြူသူတွေက
လူမြင်ကောင်းတဲ့မျက်နှာဖုံးသစ်တွေကို
ချုပ်နှောင်နေကြကာ ၀တ်ဖို့ကြိုးစားရင်း
အနာဂတ်မှာလည်းပဲ
ပြည်သူတွေကိုဆက်လှည့်စားဖို့
ကြိုးစားမြဲကြိုးစားနေလေရဲ့  ။
ဒီမှာ့ 
နှစ်ပရိစ္ဆေဒတချို့ကြာခဲ့တဲ့
အတွေးအခေါ်လုပ်ရပ်တွေကိုဖျောက်ပြစ်ကာ
လွတ်လပ်ဖို့ဘ၀တွေဆီကို ဆက်လျှောက်လှမ်းဖို့အတွက်မှာ
ကိုယ့်လိပ်ပြာကိုယ်မလုံကာကြောက်နေကြလို့
ကြောက်ရမ်း ရမ်းကာဆက်မိုက်နေကြတာ
သေချာပေါက်ပဲဆိုတာကိုတောင်
ကြောက်နေ ရှက်နေလို့ ၀န်မခံရဲ့ဘူမဟုတ်လား
ကဲ့  ကဲ့  ကဲ
ဆွေးမြေ့ဟောင်းနွမ်းတဲအတွေးအခေါ်နဲ့
လုပ်ရပ်တွေကို ထုတ်သုံးနေမယ့်အစား
ပြည်သူတွေဘ၀သစ်မှာ လန်းနေရအောင်
အတွေးအခေါ်သစ်လုပ်ရပ်သစ်တွေကို
ထုတ်သုံးစမ်းကြည့်လိုက်ပါလာ့း့  ။

ဇာနည်မောင်

Wednesday, September 16, 2009

ဒီလိုပုံနဲ့မိုးကြီးမချုပ်သွားအောင်

 အရေးကြီးပြီညီနောင်အပေါင်းတို့
သွေးစည်းကာညီစေညီကြစို့
ကိုယ့်ပြည်အရေးပေမို့မနေသာ
ကျွန်ုပ်ဟာလည်းပြည်သားတယောက်ပေမို့
အမှားတွေဆက်မှားကာ
ရွှေမြန်မာပြည်နွံ့ထဲမနစ်စေဖို့
ပညာရှိစကားကြွယ်သူ
နိုင်ငံရေးသမားတယောက်မဟုတ်ပေမယ့်
တော်လှန်အသိရှိထားသူတယောက်အနေနဲ့
ကျုပ်သိထားခဲ့တဲ့အမှန်တရားတွေကို
ကာရံမဲကဗျာအဖြစ်စာစီကာ
လက်လှမ်းမှီသူတွေသိအောင်တော့
မနေသာလို ကျုပ်ပြောရအုံးမပေါ့  ။
အရေးကြီးပြီညီနောင်အပေါင်းတို့
သွေးစည်းကာညီစေညီကြစို့
ကျုပ်ဆက်ပြောမယ့် အဲ့ဒီအမှန်တရားများ
သာမန်ပြည်သားတယောက်ရဲ့ စကားတွေပေမို့
ပညာရှိစကားမဟုတ်ခဲ့လို့
ဥပေက္ခာပြုထားမှာကိုတော့
ရှက့့်  ရှက့့်  ရှက်လှပါရဲ့  ။
အရေးကြီးပြီညီနောင်အပေါင်းတို့
သွေးစည်းကာညီစေညီကြစို့
ကျုပ်တို့ရွှေမြန်မာပြေ ( ပြည် )
ကိုယ့်အမျိုးကိုသတ်
ကိုယ့်အမျိုးကိုဖျက်နေကြတဲ့
ကမ္ဘာဆုံးတိုင်အောင်မကြေနိုင်စရာ
အာဏာရူးစစ်ဘီလူးတွေလက်ထဲရောက်ခဲ့တာ
၁၉၆၂ မတ်လ ၂ ရက်နေ့ကစ
ယနေ့အချိန်ထိပဲပါ့  ။
အရေးကြီးပြီညီနောင်အပေါင်းတို့
သွေးစည်းကာညီစေညီကြစို့
ကျုပ်တို့မြန်မာပြည်သားတွေဟာ
ဒီမိုကရေစီလိုချင်ကြတယ်ဆိုပေမယ့်
လူမျိုးစုများစွားက
သူတလူငါတမင်းနဲ့
သင်းကွဲကာတိုက်ပွဲဝင်နေကြလေတော့
အာဏာရူးတလမ်းသွားတို့အဖို့
သပ်လျှိုဖြိုခွဲရတာလွယ်ကူလှသပေါ့
နိုင်ငံရေးသမားမဟုတ်တဲ့ကျုပ်မှာ
ပြည်ထောင်စုအရေးကိုဖြေရှင်းဖို့ရာ
ဥာဏ်မမှီလေတော့
နိုင်ငံရေးသမားတွေပဲတိုင်ပင်ကာ
ဖယ်ဒရယ်ပြည်ထောင်စုအရေးကို
ဦးဆောင်မူတွေပေးကြပါလေ့  ။
အရေးကြီးပြီညီနောင်အပေါင်းတို့
သွေးစည်းကာညီစေညီကြစို့
ဘ၀တ၀က်စံတဇောက်ကန်းအာဏာရူးတွေကို
ငြိမ်းချမ်းတဲ့နည်းတွေနဲ့
စားပွဲဝိုင်းထိုင်ကာဖြေရှင်းလို့မရတော့တဲ့အဆုံး
ရှစ်လေးလုံးအရေးတော်ပုံကြီးတုန်းကလိုမျိုး
တပြည်လုံးဆန္ဒထွက်ပြတဲ့နည်းကိုပြန်သုံး
အနီးစပ်ဆုံးမှာရှိနေကြတဲ့တော်လှန်ရေးအဖွဲ့တွေက
စစ်အစိုးရရဲ့အရေးကြီးတဲ့ရုံးစိုက်ရာတွေမှာ
ဗုံခွဲတိုက်ခိုက်တဲ့နည်းတွေနဲ့
အာဏာရူးတွေနဲ့နောက်လိုက်တွေကို
ကြောက်ရွံ့တုန်လှုပ်သွားအောင်လုပ်ပြကာ
ကျုပ်တို့လိုချင်နေတဲ့
ဒီမိုကရေစီအရေးကိုဆက်တောင်းဆိုရမှာပဲ့  ။
အရေးကြီးပြီညီနောင်အပေါင်းတို့
သွေးစည်းကာညီစေညီကြစို့
စက်တင်ဘာ ၁၈ ရက်နေ့မှာ
သေနတ်မိုးကာအကြောက်တရားပေးခဲ့လို့
အခြေအနေအရအားမတန်လို့မာန် ခဏာလျှော့ရပေမယ့်
ဒီမိုကရေစီရရှိရေးဆိုတာအမြစ်တွယ်လာလို့
ရင်ထဲမှာအခုအထိဆက်လက်ရှင်သန်ကာ
ရောက်လေရာအရပ်မှာကျရာအခန်းက
ဆက်လက်တိုက်ပွဲဝင်နေဆဲပဲ့  ။
အရေးကြီးပြီညီနောင်အပေါင်းတို့
သွေးစည်းကာညီစေညီကြစို့
စစ်အာဏာရူးတို့အကြောက်တရားကြီးစိုးကာ
မျက်ကန်းတစ္ဆေမကြောက်ဆက်မိုက်နေတာကို
ကျုပ်တို့တတွေယဉ်ကျေးစွာနဲ့တုန့်ပြန်ဖို့
မဲသွားမပေးပဲနေလိုက်ကြကာ
အာဏာရူးတို့လုပ်ရပ်တွေကို
ဥပေက္ခာပြုထားလိုက်ကြစို့  ။
အရေးကြီးပြီညီနောင်အပေါင်းတို့
သွေးစည်းကာညီစေညီကြစို့
အာဏာရူးတို့ရဲ့ ၂၀၁၀ ရွေးကောက်ပွဲဆိုတဲ့ထောင်ချောက်ထဲ
ခင်ဗျားမဲသွားပေးရင် ခင်ဗျားပါတရားခံဖြစ်မယ်
အသိတရားနဲ့ယှဉ်နေ
တွေ့  ဝေ့  ကြွေ
ဒီအချိန်မှာကျုပ်တို့တတွေ တွေဝေပြီးပါသွားရင်
နောက်လာမယ့်ကျုပ်တို့ရဲ့ သားစဉ်မြေးဆက်တွေ
စစ်ဖိနပ်တွေရဲ့ကြမ်းတမ်းတဲ့နင်းချေမူအောက်မှာ
အညွှန့်တုံးအစတုံးဘ၀တွေနဲ့
ဒုက္ခဆင်းရဲမှုတွေအောက်
ဆက်လက်ကြွေကာနင်းပြားတွေဖြစ်နေအုံးမှပဲ
ကဲ့  ကဲ အသိတရားးရှိတဲ့လူသားတို့
အခုလိုအရေးကြီးတဲ့အချိန်မှာ
ကိုယ်ပိုင်အသိတရားတွေနဲ့ ရဲသွေးမွေးကြစို့  ။

ဇာနည်မောင်

Wednesday, September 9, 2009

“ မနက်ဖြန်အရေး ”


သာယာအေးချမ်းတဲ့ဘ၀တွေဆီကိုရောက်ချင်လှပြီ
ရည်မှန်းချက်ယုံကြည်ချက်တွေအတိုင်း
ခရီးဆက်ရင်းနဲ့
ပန်းတိုင်မရောက်ခင်
အစိမ်းကြွေ ကြွေသွားခဲ့ကြရတဲ့
သူတွေဟာလည်း ဒုနဲ့ဒေးပဲ့  ။
သာယာအေးချမ်းတဲ့ဘ၀တွေဆီကိုရောက်ချင်လှပြီ
ဖြစ်နိုင်တဲ့ယုံကြည်ချက်တွေကလည်းပြင်းထန်
ခရီးကလည်းကြမ်း
အတိုက်အခံအာဏာရူးတွေကလည်းပဲ
ဆင်ကန်းတောတိုးပုံစံမျိုးနဲ့
ဇွတ်အတင်းဆက်ကာတိုးနေလေတော့
အရင်းအနှီးတွေများစွာ
ပေးဆပ်နေကြရပြီပေါ့  ။
သာယာအေးချမ်းတဲ့ဘ၀တွေဆီကိုရောက်ချင်လှပြီ
ကံဆိုတာလူလုပ်သမျှပဲလေ
တောင်ကြီးက မိုဟာမက်ရှိရာကိုမလာရင်
မိုဟာမက်ကတောင်ကြီးရှိရာကိုပဲ သွားရမှာပေါ့
မာယာပရိယာယ်များလှတဲ့
မနက်ဖြန်အရေးတွေအတွက်ကိုတော့
မှုန်ဝါးဝါးတော့မဖြစ်လေစေနဲ့  ။
သာယာအေးချမ်းတဲ့ဘ၀တွေဆီကိုရောက်ချင်လှပြီ
မနက်ဖြန်များစွာကိုရောက်ဖို့အရေး
ဘ၀တိုက်ပွဲတွေအမျိုးမျိုးကပြင်းထန်
ရေရှည်အချိန်ယူကာတိုက်ကြရမှာမို့
သွေးချင်းညီကြသူတွေလက်တွဲ
သတင်းမီဒီယာတွေကလည်းစည်းရုံးကြကာ
တယောက်တလက်သတင်းကောင်းပါးကြပါလို့
မနက်ဖြန်အရေးတိုက်ပွဲတွေဝင်ဖို့အတွက်
အင်အားသတ္တိတွေမွေးကြရမှာပဲ့  ။
သာယာအေးချမ်းတဲ့ဘ၀တွေဆီကိုရောက်ချင်လှပြီ
ဒီမိုကရေစီနဲ့လူ့အခွင့်အရေးတွေကိုလိုချင်ရင်လည်း
ထိုက်တန်တဲ့ရင်းနှီးမှုတော့ပြုရမှာပဲ
အတိတ်ကာလတွေမှာ
အတွေ့အကြုံတွေမရှိသေးလို့ခါးသီးခဲ့လည်း
အဲ့ဒီသင်ခန်းစာတွေကိုဗဟုသုတတွေယူလို့
မနက်ဖြန်အရေးတွေကောင်းဖို့
လွတ်လပ်မှုကိုလိုလားကြတဲ့သူများ
ကိုယ်ပိုင်အသိတရားများမွေးကာ
ရာဇ၀င်သမိုင်းတွေကောင်းအောင်
ကြိုးစားလုပ်ဆောင်သွားရမှာ သဘာဝပဲ့  ။

ဇာနည်မောင်

Tuesday, September 8, 2009

“ ဘ၀ရဲ့တိုက်ပွဲ ”


ကမ္ဘာမြေကြီးမှနေထိုင်ကြတဲ့
ငါတို့တတွေဟာ
ယုံကြည်ကိုးကွယ်ရာမတူ
ဘာသာအသီးသီးကမွေးဖွားလာကြတဲ့
လောကီသားတွေပဲဖြစ်ကြတယ့့်  ။
ဘုရားသခင်ကိုမှန်းပြီးတော့
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်ပေါ့
လောကကြီးမှာပြဿနာတွေအေးချမ်းပြီး
အားလုံးပဲငြိမ်းချမ်းစွာနဲ့
နေထိုင်ကြရမှာအမှန့့်  ။
ဘ၀တခုရဲ့ပြဿနာများစွာကို
တည်ငြိမ်စွာနဲ့အဖြေရှာကြည့်တော့
ကံဆိုတာလူလုပ်သမျှပဲဆိုတဲ့
အဖြေတခုကိုပဲ ရခဲ့သကွဲ့
တခါတလေမှာလည်းပဲ
ဆိုးဝါးလှတဲ့ဘ၀ရဲ့ကံတရားတွေကို
နတ်မိစ္ဆာတွေကတောင်ပြုစားထားသလားလို့
အရိုင်းစိတ်တွေဝင်ကာတွေးထင်မိရဲ့  ။
စေ့စေ့တွေးကာဘ၀တခုကိုရှေ့ဆက်ဖို့
ကံဆိုတာလူလုပ်သမျှဆိုတာကိုပဲ
ပြန်ကောက်ကာဘ၀တခုကိုတည်ထောင်ဖို့
လက်တွေကျတဲ့အတွေးအခေါ်တွေကို
လုပ်ရပ်တွေနဲ့ပေါင်းစပ်ပါလို့
အများတကာနဲ့တန်းတူနေနိုင်ကာ
လူ့အခွင့်အရေးတွေအပြည့်အ၀ရှိမယ့်
ဒီမိုကရေစီဆိုတဲ့
ဘ၀တိုက်ပွဲဆီကိုပဲ ဆက်ချီတက်ရမှာပဲ့  ။

ဇာနည်မောင်